"နောင်ကြီးရာ၊ ကျုပ် ကျုပ်ကို စကားပြန်ပြောပါအုံး"
ခွန်းဒါရီ၏အသံက တုန်ရီလှိုက်မောနေသည်။
"ကျုပ် တောင်းပန်ပါတယ်... လို့"
မခံနိုင်ဘဲ ဈာန်ဘုန်းနိုင်ပါ လိုက်ငိုမိသည်။ တကယ်က သူ မွေ့ရာပေါ်မှာသာ ကျသွားခြင်း။ ပြင်ပဒဏ်ရာမရပေမဲ့ ရင်နာရသည်လေ။ ထို့ကြောင့် စိတ်ကောက်ဖို့ကြံသည်။ သို့သော် ငိုနေသောအမျိုးသားကို တွေ့ရသောအခါ မည်သူက စိတ်ကောက်ရက်ပါ့မလဲ။
"ကျုပ်အရမ်း ပင်ပန်းတယ် နောင်ကြီး၊ ခန္ဓာရော၊ စိတ်ရောပင်ပန်းလှပြီ၊ နောင်ကြီးသာ ကျုပ်ကို ထပ်စိတ်ကောက်ရင် ကျုပ် ပြိုလဲမိတော့မှာ၊ ဒါကြောင့် ကျုပ် တောင်းပန်ပါတယ်၊ ကျုပ်အမှားလဲ သိပြီမို့ စကားမပြောဘဲ မနေပါနဲ့နော်၊ ကျုပ် ရှိခိုးရမယ်ဆိုလဲ ရှိခိုးပါရဲ့"
"တော်တော့! တော်ပါတော့"
လက်အုပ်ချီနေသောသူ၏လက်ကို အမြန်ဆွဲယူကာ အရေးပေါ်ဆေးသေတ္တာကိုယူ၊ ဆေးထည့်ပေးပြီး အနားယူရန် ရင်ခွင်ထဲထည့်လိုက်သည်။ ဈာန်ဘုန်းနိုင်လုပ်သမျှ ခွန်းဒါရီက ရှိုက်ငိုရင်း ငြိမ်ခံနေ၏။ တကယ့်ကလေးပဲကွာ။
အတူတူငိုကြပြီးသော် ယခုသူတို့သည် မွေ့ရာထဲမှာ ပူးကပ်နေကြနေလျက်။ အငိုရပ်သွားသဖြင့် တစ်ချက်ရှိုက်ကာ-
"ရွှတ်! ကိုယ်စိတ်မဆိုးတော့ဘူးနော်၊ ကိုယ်စိတ်မဆိုးတော့တာမို့ မောင်ကြီး ဘာဖြစ်နေလဲ အကုန်ပြောပြပေး၊ ကိုယ်ဒီမှာရှိတယ်၊ ကိုယ်နားထောင်ပေးမယ်၊ ဟုတ်ပြီလား"
ဆံပင်ကိုသပ်တင်ပေးကာ ချော့မော့လေတော့ နှစ်သိမ့်မှုခံချင်သည့် ခွေးပေါက်လေးလို ဈာန်ဘုန်းနိုင်၏ ရင်ဘတ်ကို တိုးဝှေ့ပွတ်သပ်နေ၏။ ချစ်စရာကောင်းတာကြောင့် ပြုံးမိကာ နဖူးပြင်အား မြတ်နိုးစွာ ဖိကပ်နမ်းပစ်သည်။
"ဒီတိုင်း... ဒီတိုင်းပဲ အရမ်းပင်ပန်းတယ်၊ အထိုးနှက်ခံရတဲ့အခါ နာကျင်တယ်၊ ဘယ်လောက်ပဲ လျစ်လျူရှုပါစေအုံး၊ အဖန်ဖန်ကြားရတဲ့အခါ ခံစားမိမှာပဲလေ"
"ဒါပေါ့..."
တစ်ပတ်အတွင်း သူကြုံခဲ့ရသော အဖြစ်အပျက်များကို ဈာန်ဘုန်းနိုင်ဆီ အကုန်ဖွင့်ဟတော့သည်။ သူဘယ်လို ကြိုးပမ်းခဲ့ရကြောင်း၊ ရှုံးနိမ့်ခဲ့ရကြောင်း၊ ပင်ပန်းရကြောင်းနှင့် ခံစားခဲ့ရကြောင်း။
YOU ARE READING
ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)
Romanceတောင်တန်းကြီး တည်သရွေ့ရဲ့ အချပ်ပိုလေးတွေပါ။