အချပ်ပို (၆၀)

321 31 15
                                    

"ကျုပ် သိပြီ၊ ရဲဘော်တို့လည်း ဂရုစိုက်ပါ"

ဖုန်းကို ချပြီးနောက် ခွန်းဒါရီသည် စားပွဲပေါ် လက်အစုံကို ယှက်တင်ကာ ခေါင်းအနည်းငယ် ငိုက်ကျနေ၏။ ထိုအချိန် အစည်းအ‌ဝေး ခန်းထဲသို့ ဝင်လာနေသော ဈာန်ဘုန်းနိုင်သည် ခွန်းဒါရီ၏ ပခုံးပေါ်ကို ‌ချည်စောင်အပါးတစ်ထည် သွားလွှမ်းပေးသည်။ အကြောင်းမှာ မိုးရွာပြီးစမို့ အေးစိမ့်နေသော ရာသီဥတု၌ အနက်ရောင် လက်ပြတ်ကြီးနှင့်သာ နေနေသော ခွန်းဒါရီကြောင့်။

ဈာန်ဘုန်းနိုင်က လက်ရှည် အနွေးထည်နှင့် ဆိုပေမဲ့ အနွေးထည်ဝတ်ရတာ မကြိုက်သောသူက ပြောက်ကျား အပြင်ခံလည်း မဝတ်ဘဲ လက်ပြတ်နှင့်သာ နေနေသည်တဲ့။ သည်တော့ တောင့်တင်းသော ဗလကြွက်သားတွေကို အော်တို ကြော်ငြာပြီးသားပင်။ ဈာန်ဘုန်းနိုင် ခိုးမဲ့လိုက်၏။

ဗလကြီးကြောင်း ကြွားချင်နေတာ ခွန်းဒါရီစုတ်။ ခန္ဓာကိုယ် ကြံ့ခိုင်ပေမဲ့ သူက ကျောက်တုံးမို့လို့လား။ အခုလည်း ဖျားချင်နေတာကို အဖျားထပ်ကြီးနိုင်မှာ မသိဘူးလား။ ဆူပူပစ်ချင်လှသော်လည်း မျက်နှာ မကောင်းနေသည်ကို တွေ့တော့ ကိုယ့်မှာ မဆူရက်။ ထိုအစား သူ့အတွက် စောင်အပါး သွားယူပေးခဲ့ရခြင်း။ ယခုလည်း စောင်အပါးကို ခြုံပေးပြီး စားပွဲပေါ်မှာ ရှိသော ရေနွေးကြမ်းကို သူ့အတွက်တစ်ခွက်၊ ကိုယ့်အတွက် တစ်ခွက် ငှဲ့ပေးလိုက်သည်။

"နွေးသွားအောင် သောက်လိုက်ပါအုံး"

ခွန်းဒါရီသည် စောင်ကို ဆွဲတင်ပြီး တထောင်းထောင်း အငွေ့ထနေသော မွှေးကြိုင်သည့် ရေနွေးကြမ်းကို သူ့လက်ဖဝါးကြီးနှစ်ဖက်ဖြင့် အုပ်ကိုင်၊ ဖူးမှုတ်ကာ ညင်သာစွာ သောက်သည်။ ဈာန်ဘုန်းနိုင်ကျ လက်ကိုင်မှ ကိုင်ကာ ဣန္ဒြေကြီးစွာ ‌ငုံ့သောက်၏။

"မြောက်ပိုင်းဖက်မှာ ခွေးဘီလူးတွေ ထပ်ပြီး ဝင်စီးနေတယ်တဲ့"

သောက်လက်စ ရေနွေးခွက်ကို ဈာန်ဘုန်းနိုင်သည် ချထားပြီး ပူနွေးစိုစွတ်ကျန်သော နှုတ်ခမ်းပါးအား လက်ကိုင်ပဝါဖြင့် ဖွဖွလေးသုတ်ကာ နားထောင်ကြောင်း ငြိမ်ပေးသည်။ ခွန်းဒါရီသည် ရေနွေးကြမ်းခွက်ကို ပိုတင်းကြပ်စွာ အုပ်ကိုင်ထား၏။ လက်အိတ် မဝတ်ထားသောကြောင့် လက်စွပ်နှစ်ကွင်းက လက်ချောင်းကြီးများပေါ်တွင် ထင်ထင်ရှားရှား။

ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)Dove le storie prendono vita. Scoprilo ora