အချပ်ပို (၆၈)

214 28 11
                                    

"ခြေထောက် ခိုက်မိပြန်ပြီလား၊ နမော်နမဲ့ နိုင်လွန်းတယ်"

ရဲဘော် စိုင်းမျိုးအောင်နှင့် စကားကို ထွေရာလေးပါး ပြောနေကြစဉ် ထွက်လာသော အသံဩကြီးကြောင့် နှစ်ဦးသားသည် ပြိုင်တူ မော့ကြည့်မိသည်။

"ခုနက အစ်ကို ကျောက်အငူတစ်ခုနဲ့ မတော်တဆ ခိုက်မိထားတာပါ၊ အစ်ကို့ကို အဲ့လို မပြောသင့်ဘူး ထင်တယ် ဗိုလ်ကြီးခင်ဗျ"

"ကျုပ် ခင်ဗျားကို မမေးဘူး"

"ခင်ဗျား!"

"ဗိုလ်ကြီး!"

အံကြိတ်ခေါ်ကာ သတိနှင့် ကြည့်ပေးလိုက်သည်။ ရန်လိုစကားကို ဆိုနေသဖြင့် ဈာန်ဘုန်းနိုင် အမြန် တားရခြင်း။ ရဲဘော် စိုင်းမျိုးအောင်သည်ကား အံတကြိတ်ကြိတ်နှင့် မျက်နှာထား တင်းနေလေပြီ။ ခွန်းဒါရီ၏ မျက်ဆန်ဝါမှာလည်း စူးရဲနေပြီ။

အကြည့်ချင်း တိုက်နေကြသည့် သူတို့နှစ်ဦးကြား ဈာန်ဘုန်းနိုင်ဝင်ကာ-

"ဗိုလ်ကြီးတို့ အစည်းအဝေး ပြီးသွာပြီမလား၊ ပြန်ကြရအောင်နော်"

ရဲဘော်ကို စားမတတ်၊ ဝါးမတတ် စိုက်ကြည့်ရာမှ မျက်လုံး တစ်ချက်မှိတ်ကာ ခေါင်းညိတ်လာပါသည်။ ထိုအခါ-

"ဆေးမှူး!"

"ရှိ!"

ရဲဘော်ကောင်လေးသည်လည်း သူ့တပ်မှူး၏ ခေါ်ဆိုမှုကြောင့် ဈာန်ဘုန်းနိုင်ကို ခွင့်တောင်းကာ တလှမ်းလှမ်း ထွက်ခွာသွားတော့သည်။

"တကယ်တော့ သူက ကိုယ့်ကို ကူညီပေးတာပါ၊ မဟုတ်ရင် ကိုယ် ရှေ့သွားကျိုးနေလောက်ပြီ"

ခွန်းဒါရီသည် ခါးထောက် မော်ချီလျက်-

"ဪ ဟုတ်လား၊ ဒါဆို ကျုပ် အထင်လွှဲ သွားတာပေါ့နော်"

ဆောင့်အောင့်အောင့်ဆိုသည်။ ဈာန်ဘုန်းနိုင် မျက်ခုံးပင့်မိသွားပါသလို။ ခွန်းဒါရီ ဆိုလိုသော စကားကို ဈာန်ဘုန်းနိုင် အရိပ်အမြွက် သိပါသည်။

"မောင်ကြီး! ကိုယ့်ကို ဘယ်လို ထင်နေတာလဲ"

"ကျုပ် ဘာပြောနေလို့လဲ"

"မောင်ကြီး ဘာပြောနေလဲ ကိုယ်တိုင်က အသိဆုံး ဖြစ်မှာပါ"

လက်ပိုက်ကာ ခေါင်းလွှဲထားမိသည်။

ဗိုလ်ကြီးနှင့် သူ့ကတော်တို့၏ တော်လှန်ရေးမှတ်တမ်း (U/Z)Where stories live. Discover now