အပိုင်း(၉၈.၁):ပြိုင်ပွဲစတင်ပြီ

4.2K 143 1
                                    

အပိုင်း(၉၈.၁):ပြိုင်ပွဲကြီးစတင်ပြီ

မနက်စာစားပြီးတော့၊ ချန်းယုက သာမန်ထသွားထလာအရောင်ဖျော့အဝတ်အစားအား ဝတ်ဆင်ပြီး ဝိညာဉ်ဆင့်ခေါ်ခြင်းခေါင်းလောင်းနဲ့ သံလိုက်အိမ်မြှောင်ထည့်ထားတဲ့အိတ်ကိုလွယ်ပြီး ဟိုတယ်ကနေ ထွက်လာခဲ့လိုက်လေသည်။

"ရှီရှီ!"

လမ်းကွေ့လိုက်ပြီး ချီလျန်တောင်တွေကဲ့ သဘာဝရှုခင်းများရဲ့အလယ်ဗဟိုဆီ ဦးတည်လာတော့မယ့်ချန်းယုက၊ သူမအား တစ်စုံတစ်ယောက် အော်ခေါ်လိုက်တာအား ကြားလိုက်ရလေတယ်။ သူမက သိချင်စိတ်ဖြင့် လှည့်ကြည့်လာလိုက်တော့ လမ်းတစ်ဖက်ကကားပေါ်ကဆင်းလာတဲ့ လုနင်ကို၊ မြင်တွေ့လိုက်ရလေတယ်။3

"လုနင်၊ နင်လည်းမသွားရသေးဘူးကို၊" ဟိုတယ်တစ်ခုတည်းမှာနေတဲ့အခြားကောင်းကင်ဘုံဆရာတွေက မိုးမလင်းခင်ကတည်းက ချီလျန်တောင်ဆီထွက်လာခဲ့တာ၊၊ ချန်းယု တစ်ဦးတည်းပဲ စိတ်ပူပန်မှုမရှိတာ။ သူမက ပုံမှန်လိုအိပ်ပုံပြီး ပုံမှန်အတိုင်းထလာခဲ့တာ၊ ပြီးတော့ ပျင်းတိတိနဲ့ထွက်မလာခဲ့ခင်၊ မနက်စာလည်းစားခဲ့သေးလေတယ်။

"ငါအိပ်ရာထနောက်ကျလို့၊" လုနင်က ရှက်ကိုးရှက်ကန်းပြုံးပြလာလေတယ်။ တကယ်တော့၊ ချိန်းထားတဲ့နေရာကို ‌သူရောက်နေခဲ့တာကြာလှနေပြီ။ သို့သော်၊ ရှာကြည့်လိုက်ပြီးနောက် ချန်းယုကိုမတွေ့လိုက်တော့၊ သူမအားလာခေါ်ဖို့ ပြန်လာခဲ့တာ။

"ဒါဆို အတူတူသွားကြတာပေါ့ မဟုတ်ရင် ငါတို့နောက်ကျနေလိမ့်မယ်။" ချန်းယုက သူမနောက်ကျလား မကျဘူးလားဆိုတာကို ဂရုမစိုက်လေဘူး။ ဒါပေမဲ့ တစ်ပါးသူရဲ့အချိန်ကြန့်ကြာအောင် မလုပ်ချင်လေဘူး။

"အလျင်လိုဖို့မလိုပါဘူး၊" လုနင်က ပြုံးပြလာပြီး၊ ချန်းယုအတွက် ကားတံခါးဖွင့်ပေးလာလေတယ်။

စိတ်စွမ်းအင်ပြိုင်ပွဲကြီးရဲ့စုဝေးရာနေရာက ချီလျန်တောင်တက်ကားလမ်းရဲ့လမ်းတစ်ဖက်မှာဖြစ်လေတယ်။ စုစည်းရာနေရာကနေ တောင်ထိပ်ထိမတက်သွားခင်၊ ပါဝင်ဆင်နွှဲကြမယ့်ကောင်းကင်ဘုံဆရာတွေက တောင်ထိပ်ကမှော်အကာရံပွင့်လာတဲ့အထိ အဲဒီမှာစောင့်ကြလိမ့်မယ်၊၊ ထို့နောက်တော့၊ မှော်အကာရံထဲ သူတို့ဝင်နိုင်ကြလိမ့်မယ်။ ပြိုင်ပွဲအား ချောချောမွေ့မွေ့ကျင်းပနိုင်စေရန်အတွက်၊ ချီလျန်တောင်ခရီးသွားအခန်းကဏ္ဍက ခရီးသွားဧည့်သည်တွေလက်ခံတာအား သုံးရက်တိုင်တိုင်ရပ်လိုက်လိမ့်မယ်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ[Book-2]Where stories live. Discover now