သက္ကရာဇ် ( ၃၀၂၉ ) ခုနစ်တွင် ကမ္ဘာကြီး၏နည်း ပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ နယ်နိမိတ်ကန့်သတ်ချက်များလည်း မရှိတော့ဘဲ ပြည်နယ်များအားလုံး စုစည်းလာရာ ပြည်ထောင်စု ခေတ်သစ် စတင်လာလေသည်။
ထိုအချိန်တွင် မိုးကောင်းကင်အလွန်မှ ဓားကြီးတစ် စင်း ပျံသန်းလာကာ နေကို ထိုးစိုက်သွားခဲ့ပြီး ကမ္ဘာ မြေတစ်လွှား ပြင်းထန်သော အငွေ့အသက်များ ဖြစ် တည်လာခဲ့၏။
ဓားအိမ်က ဟောင်းနွမ်းနေခဲ့ခြင်းကြောင့် ဖြစ်လိမ့် မည်။ ဓားကြီးက နေဝန်းကြီးကို စိုက်ဝင်သွားခဲ့ရာတွင် ဓားအိမ်မှ မရေမတွက်နိုင်သော အကျိုးအပဲ့များ ထွက်ပေါ်လာကာ စကြဝဋ္ဌာတစ်ခွင် လွင့်ပျံသွားခဲ့လေ သည်။ ထိုအကျိုးအပဲ့လေးများသည် ကမ္ဘာမြေ အနှံ့အပြားသို့ ကျရောက်လာခဲ့၏။
ကြေးညိုရောင်ဓားကြီးနှင့် ၎င်း၏ဓားအိမ်အကျိုးအပဲ့ များ ရောက်ရှိလာခဲ့ခြင်းကြောင့် ကမ္ဘာမြေပေါ်တွင် အဆုံးအစမဲ့ စွမ်းအင် အရင်းအမြစ်တစ်ခု ရုတ်ချည်း ဖြစ်ပေါ်လာသည်။ ထိုစွမ်းအင် အရင်းအမြစ်ကို ဝိညာ ဥချီဟု အမည်ပေးထားလိုက်ကြ၏။
ဝိညာဉ်ချီများက လေကဲ့သို့ဖြစ်ပြီး တချို့နေရာများ တွင် လေးလံကာ တချို့နေရာများတွင်မူ ပေါ့ပါး သည်။ ပြည်ထောင်စုနှင့် တခြားစီရင်စုများသည် ဓား အကျိုးအပဲ့များကို တွေ့ရှိကာ ကျင့်ကြံခြင်း၊ ဆေးဖော်စပ်ခြင်း၊ ဝိညာဉ် ကျောက်တုံး သန့်စင်ခြင်းစ သည့် ပညာရပ်များနှင့်ပတ်သက်သည့် သတင်း အချက်အလက်များ ပိုမိုရရှိလာခဲ့ကြသည်။ ဓား အကျိုးအပဲ့များပေါ်မှ စကားလုံးများသည် ရှေးဟောင်းစကားလုံးများဖြစ်ရာ လူအများကြားတွင် ရှေးဟောင်းစာပေ ခေတ်စားလာခဲ့သည်။
ဝိညာဉ်ချီ ထွက်ပေါ်လာမှုသည် မူလကရှိနှင့်ပြီးသား စွမ်းအင်အရင်းအမြစ်များကို လျင်မြန်စွာ ပျောက် ကွယ်သွားစေပြီး လူများ၏နေထိုင်မှုပုံစံကို လုံးဝ ပြောင်းလဲသွားစေခဲ့သည်။ ဝိညာဉ်ကွန်ယက် ဖြစ် ပေါ်လာခဲ့ရုံမျှမက ဝိညာဉ်ချီသည်လည်း လူ့အဖွဲ့အစည်းတစ်ခုလုံးကို ကျင့်ကြံခြင်း လူ့အဖွဲ့အစည်းတစ်ခုအဖြစ်သို့ သွတ်သွင်းလိုက် သည်။ နှောင်းပိုင်းတွင် ထိုအခြင်းအရာကို ရှေးဦးဝိ ညာဉ်ခေတ်ဟု ခေါ်ကြလေသည်။
YOU ARE READING
လက်ဖ၀ါးပြင်ထက်က ကမ္ဘာ (သို့)ဖက်တီးလေး နှင့် သူ၏မိတ်ဆွေများ (၀မ်ပေါင်လဲ့) book 1
Adventureသက္ကရာဇ် ( ၃၀၂၉ ) ခုနစ်တွင် ကမ္ဘာကြီး၏နည်း ပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ နယ်နိမိတ်ကန့်သတ်ချက်များလည်း မရှိတော့ဘဲ ပြည်နယ်များအားလုံး စုစည်းလာရာ ပြည်ထောင်စု ခေတ်သစ် စတင်လာလေသည်။ ထိုအချိန်တွင် မိုးကောင်းကင်အလွန်မှ ဓားကြီးတစ် စင်း ပျံသန်...