616 - 620

154 12 0
                                    


လက်ဖဝါးပြင်ထက်က ကမ္ဘာ
မူရင်းစာရေးဆရာ - Ergen

အခန်း (၆၁၆) - ကျယ်ပြန့်တာအိုနန်းတော်အား ပြောင်းလဲသွားစေသည့် တုံ့ပြန်မှု

သူ၏စကားသံထဲတွင် ဝိညာဉ်ကြားခံနယ်အဆင့် စွမ်းအားများ ကိန်းအောင်းနေ၏။ ထို့‌ကြောင့် ထိုစကားသံအား ကြားလိုက်ရပါက အမြုတေထိပ်ဆုံးအဆင့်တွင် ရှိနေသည့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် လိပ်ပြာလွင့်လုမတတ် တုန်လှုပ်သွားရမည်သာ ဖြစ်သည်။

အကယ်၍ သူသာ အမှန်တကယ် သတ်ဖြတ်လိုစိတ်ရှိပါက တစ်ချက်မျှ အော်ဟစ်လိုက်ရုံဖြင့် အမြုတေအဆင့် ကျင့်ကြံသူများကို သတ်ဖြတ်ပစ်နိုင်စွမ်းရှိ ပေသည်။ ယွမ်ယင်အဆင့် ကျင့်ကြံသူများမှာမူ သေဆုံးသွားမည် မဟုတ်ပါသော်လည်း လှုပ်ရှားမှုများ ရပ်တန့်သွားပြီး ဝိညာဉ်တစ်ခုလုံး ချုပ်နှောင်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရမည်သာ ဖြစ်သည်။

ထိုကဲ့သို့သော ဝိညာဉ်တိုက်ကွက်များကြောင့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများမှာ အလွန်အင်မတန်မှ အစွမ်းထက်ရခြင်း ဖြစ်ပေသည်။ ထို တိုက်ကွက်များကို ခုခံနိုင်ရန်မှာ မဖြစ်နိုင်ပေ။ ဝမ်ပေါင်လဲ့ပင်လျှင် ထိုစကားသံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် သူ၏အသိစိတ်ထဲ၌ အသံလှိုင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်ကို ခံစားလိုက်ရ၏။ သူသည် ဆက်လက်တိုက်ခိုက်ချင်ပါသော်လည်း မတိုက်ခိုက်နိုင်တော့ပေ။ ထို့ကြောင့် သူသည် နောက်သို့ဆုတ်ခွာရန် ပြင်လိုက်သည့် အချိန်တွင်လည်း လှုပ်ရှား၍ မရတော့ကြောင်း သိလိုက်ရ၏။

ဝမ်ပေါင်လဲ့တစ်ယောက် ဝိညာဉ်တစ်ခုလုံး တုန်ရီသွားပြီး လှုပ်ရှားနိုင်စွမ်း မရှိတော့သည့်အချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲ၌ စွမ်းအင်နှစ်မျိုး ပေါ်ပေါက်လာ၏။ တစ်မျိုးမှာ မမလေးဆီမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး အခြားတစ်မျိုးမှာ... သူ၏ ဓားအိမ်ထဲမှ ထွက်ပေါ်လာခြင်းဖြစ်ပေသည်။

မမလေးမှာ ဓားအိမ်လေးဆီမှ စွမ်းအင်များကို ရိပ်မိလိုက်သောကြောင့်လားတော့ မသိပေ။ သူမသည် ချက်ချင်းပြန်၍ ငြိမ်ကျသွား၏။ ထိုအချိန်တွင် ဓားအိမ်လေးထဲမှ ထွက်ပေါ်လာသည့် စွမ်းအင်များမှာ သူ၏ခန္ဓာကိုယ် အပြင်ဘက်သို့ ပျံ့နှံ့သွားခြင်းမရှိဘဲ သူ၏ ခန္ဓာကိုယ်ထဲ၌သာ လည်ပတ်သွားကြသည်။ ထို့ကြောင့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံခြင်းစွမ်းအားများဆီမှ ထွက်ပေါ်လာသော ဖိအားများမှာ ချက်ချင်းပျောက်ကွယ်သွားတော့သည်။

လက်ဖ၀ါးပြင်ထက်က ကမ္ဘာ (သို့)ဖက်တီးလေး နှင့် သူ၏မိတ်ဆွေများ (၀မ်ပေါင်လဲ့) book 1 Où les histoires vivent. Découvrez maintenant