လက်ဖဝါးပြင်ထက်က ကမ္ဘာ
မူရင်းစာရေးဆရာ - Ergenအခန်း (၈၀၆) - ဘဝကြီးက ဇာတ်ခုံတစ်ခုဆိုရင် ငါတို့က သရုပ်ဆောင်တွေပေါ့
ထိုအခါ ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့အား မပွင့်တပွင့် ပြုံးပြလိုက်ပြီးနောက် အသာအယာ ချောင်းဟန့်ကာ လေသံတိုးတိုးဖြင့် ဆိုလိုက်၏။
" ကျွန်တော်တို့က မိတ်ဆွေဟောင်းကြီးတွေဆိုမှတော့ အများကြီး လျှော့ပေးရမှာပေါ့ဗျာ။ နှစ်ဆယ်ရာခိုင်နှုန်းအထိ... လျှော့ပေးမယ်ဆို ဘယ်လိုသဘောရလဲ "
ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်၏ စကားကို ကြားလိုက်ရသောအခါ မျက်ဝန်းများ အရောင်လက်သွား၏။ ထို့နောက် သူသည် ဈေးဆိုင်ထဲမှ ထွက်ခွာသွားလိုသည့် အတွေးများကို မေ့ပျောက်ထားလိုက်ပြီး အော်ဟစ်ရယ်မောကာ ရှဲ့ဟေးရန်ဆီသို့ လျှောက်လှမ်းလာတော့သည်။ သူသည် ရှဲ့ဟေးရန်နှင့် ဆယ်ပေအကွာတွင် ရပ်ရင်း ရေမြေရပ်ခြား နေရာတစ်ခု၌ မိတ်ဆွေဟောင်းတစ်ယောက်အား ပြန်တွေ့လိုက်ရသဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်နေသည့် မျက်ဝန်းများဖြင့် လှမ်းပြောလိုက်၏။
" ရှဲ့ဟေးရန်။ တာအိုရောင်းရင်း ဟေးရန်။ ဟားဟား။ ကျုပ်တို့တွေ မတွေ့တာတောင် တော်တော်ကြာပြီနော်။ ခဗျားနဲ့ ဒီနေရာမှာ ဆုံရလိမ့်မယ်လို့ ကျုပ် လုံးဝ ထင်မထားမိဘူး။ စောစောတုန်းက ကျုပ်က မယခဗျားနဲ့ စကားပြောရမှာကို လန့်နေတာ။ ဒါပေမဲ့ အခု သေသေချာချာ ကြည့်လိုက်တော့မှ ခဗျားက ကျုပ်ရဲ့ မိတ်ဆွေဟောင်းကြီး ရှဲ့ဟေးရန်ဖြစ်နေမှန်း တကယ် သေချာသွားတာပဲ "
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် သက်ပြင်းချလိုက်ပြီး အတိတ်က အကြောင်းများကို ပြန်ပြောင်းသတိရနေသည့်ပုံ ပေါက်သွား၏။ သူ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင်များကိုပင် အထင်းသား မြင်နိုင်ပေသည်။ ထို့ကြောင့် သူသည် ဟန်ဆောင်နေသည့်ပုံပင် ပေါက်နေ၏...
" တာအိုရောင်းရင်း ဟေးရန်။ ကျုပ်က ခဗျားနဲ့ ဒီနေရာမှာ ဆုံလိမ့်မယ်လို့ လုံးဝ ထင်မထားမိဘူး။ ကံကြမ္မာဆိုတဲ့ အရာက တော်တော်လေးကို ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်တာပဲ။ ဒါပေမဲ့ အဲတာ့ကြောင့်လည်း ဘဝကြီးက လှပပြီးတော့ အံ့ဩစရာ ကောင်းနေတာပဲလေ " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ ထိုင်ခုံတစ်ခုပေါ်၌ ထိုင်လိုက်၏။
ŞİMDİ OKUDUĞUN
လက်ဖ၀ါးပြင်ထက်က ကမ္ဘာ (သို့)ဖက်တီးလေး နှင့် သူ၏မိတ်ဆွေများ (၀မ်ပေါင်လဲ့) book 1
Maceraသက္ကရာဇ် ( ၃၀၂၉ ) ခုနစ်တွင် ကမ္ဘာကြီး၏နည်း ပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ နယ်နိမိတ်ကန့်သတ်ချက်များလည်း မရှိတော့ဘဲ ပြည်နယ်များအားလုံး စုစည်းလာရာ ပြည်ထောင်စု ခေတ်သစ် စတင်လာလေသည်။ ထိုအချိန်တွင် မိုးကောင်းကင်အလွန်မှ ဓားကြီးတစ် စင်း ပျံသန်...