လက်ဖဝါးပြင်ထက်က ကမ္ဘာ
မူရင်းစာရေးဆရာ - Ergenအခန်း ( ၁၅၆ )
မင်းကများ ငါ့ကို အမိန့်ပေးရဲတယ်ပေါ့ကတုံးပြောင်လူငယ်က ဒေါသတကြီးအော်ပြောနေစဉ် ဝမ်ပေါင်လဲ့က ရေစက်ကမ္ဘာထဲ၌ ခေါင်းမော့ကာ တဟားဟား ရယ်မောလျက်ရှိသည်။ ဝမ်ပေါင်လဲ့ လက်ဝှေ့ယမ်းလိုက်သည်နှင့် ကမ္ဗည်းစာ အားလုံးက ဟင်းလင်းပြင်နှင့် ကမ္ဘာပေါ်တွင် ထင်ဟပ်လာသည်။
တစ်ချက်ငဲ့ကြည့်လိုက်လျှင် ဟင်းလင်းပြင် ကမ္ဘာထက်မှ ကောင်းကင်ယံ၌ ကမ္ဗည်းစာ အမြောက်အများ တွဲလောင်းကျဆင်းနေပြီး အလှဆင်ထားသည့်အလား ထင်ရသည်။ ကမ္ဗည်းစာများက ကောင်းကင်တစ်ပြင်လုံး မဖုံးသေးသော်လည်း ညအချိန် ကြယ်များကို သာမန် မျက်စိဖြင့် မှိတ်တုပ် မှိတ်တုပ် မြင်နေရသကဲ့သို့ ယခု ကမ္ဗည်းစာများမှာလည်း အလားတူပင် ဖြစ်သည်။
“ ဟုတ်တယ်။ မှန်တယ်၊ ဒီခံစားချက်ပဲ”
ဝမ်ပေါင်လဲ့က ရင်ခုန် စိတ်ခုန်လှုပ်ရှားစွာ ပြောလိုက်သည်။ သူ့ဆံပင်မှာ လေနှင့်အတူ လွင့်နေပြီး မျက်လုံးများမှာလည်း စိတ်လှုပ်ရှားမှုအပြည့်နှင့် တောက်ပနေသည်။ ထိုအခိုက်တွင် သူ့ဦးနှောက်ထဲ၌ ကမ္ဗည်းစာ ပုံသေနည်းများဖြင့်သာ ပြည့်နှက်နေခဲ့သည်။ သူ့အတွက် ဤအသွင်ပြောင်းလက်နက် ကမ္ဘာတစ်ခုလုံးမှာ ကစားစရာဖြစ်သွားသည့်ပမာ ထင်ရသည်။“ ဆက်ပြီး ရေးလိုက်စမ်း၊ ဒီကမ္ဘာကြီးက ကြီးလွန်းလို့ ကမ္ဗည်းစာတွေက ပြီးဖို့ မလွယ်ဘူး”
ဝမ်ပေါင်လဲ့က သူ့ကိုယ်သူ ပြောလိုက်သည်။ သူက စိတ်တက်ကြွသောကြောင့် တုန်ရီနေသည်။ ဤသို့သော အတွေ့အကြုံမျိုးမှာ အမှန်တကယ်ပင် ကံနှင့်ဆိုင်ပြီး ဇွတ်အတင်း လုပ်ယူ၍ မရပေ။သူက လက်များ ဝှေ့ယမ်းနေရာ ကမ္ဗည်းစာများက ဆက်လက် ထွက်ပေါ်လာနေပြီး သူ့ဘေးတွင် ပတ်လည်ဝိုင်းနေသည်။ သူ့စိတ်ဆန္ဒကြောင့် ကမ္ဗည်းစာ အားလုံးက ရွေ့လျားသွားပြီး ဤကမ္ဘာကြီးကို နောက်တစ်ဖန် ပိတ်ဆို့လိုက်ပြန်သည်။ မကြာမီ သာမန် မျက်စိ အမြင်အရ ရေငွေ့ကမ္ဘာကြီးတစ်ခုလုံးမှာ မရေမတွက်နိုင်သည့် ကြယ်များဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့ အားလုံးမှာ ကမ္ဗည်းစာများ ဖြစ်ကြသည်။
STAI LEGGENDO
လက်ဖ၀ါးပြင်ထက်က ကမ္ဘာ (သို့)ဖက်တီးလေး နှင့် သူ၏မိတ်ဆွေများ (၀မ်ပေါင်လဲ့) book 1
Avventuraသက္ကရာဇ် ( ၃၀၂၉ ) ခုနစ်တွင် ကမ္ဘာကြီး၏နည်း ပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ နယ်နိမိတ်ကန့်သတ်ချက်များလည်း မရှိတော့ဘဲ ပြည်နယ်များအားလုံး စုစည်းလာရာ ပြည်ထောင်စု ခေတ်သစ် စတင်လာလေသည်။ ထိုအချိန်တွင် မိုးကောင်းကင်အလွန်မှ ဓားကြီးတစ် စင်း ပျံသန်...