လက်ဖဝါးပြင်ထက်က ကမ္ဘာ
မူရင်းစာရေးဆရာ - Ergenအခန်း ( ၁၄၆ )
သားလားပြည်ထောင်စုစစ်တပ် ရောက်ရှိလာခြင်းကို အဆင့်မြင့်ကျွန်း၌ သိကြသူမများပေ။ သူတို့သည် မြူခိုးများ ဖုံးလွှမ်းနေသည့် ဝေဟင်လမ်းကျွန်း၌ ဆိုက်ရောက်လာခြင်း ဖြစ်သောကြောင့် အဝေးမှ တစ်ယောက်ယောက်က မြင်သည့်တိုင် အံ့ဩ သိချင်ကြသည်မှ လွဲ၍ အသေးစိတ် မသိကြပေ။
နောက်နှစ်ရက်အတွင်း ကောင်းကင်တာအိုကျောင်းတွင် သင်္ဘောပျံများ အလျှိုအလျှို ဆိုက်ရောက်လာကြသည်။ အများစုမှာ သိုင်းပညာအဆောင် ပြိုင်ပွဲကို ကြည့်ရှုကြမည့် ပြည်ထောင်စု အရာရှိများ ဖြစ်ကြသည်။ သူတို့သည်လည်း အလားတူ ဝေဟင်လမ်းကျွန်းပေါ်၌ ဆင်းသက်ကြသည်။
ဧည့်သည်များ ဆိုက်ရောက်လာခြင်းက သိုင်းပညာအဆောင် ပြိုင်ပွဲနီးကပ်လာခြင်းကို ညွှန်ပြနေသည်။ အဆင့်မြင့်ကျွန်းပေါ်မှ အဆောင်တစ်ခုစီတိုင်းတွင် ဆွေးနွေးချက်များ ပိုများလာသည်။ ပြိုင်ပွဲကို စောင့်မျှော်နေကြသည့် ခံစားချက်များနှင့် စိတ်အားထက်သန်မှုများမှာ တရွေ့ရွေ့ ကုန်ဆုံးလာသည့် အချိန်နှင့်အတူ ပိုမို ပြင်းပြလာသည်။
ဤအချိန်အတွင်း အဆောင်တစ်ခုဆီမှ ဂိုဏ်းသားများသည် ပြိုင်ပွဲ၌ ပါဝင်ကူညီပံ့ပိုးပေးရန် ဖိတ်ကြားခြင်း ခံရသည်။ ဂိုဏ်းသား အများစုအတွက် သိုင်းပညာအဆောင်မှ ဂိုဏ်းသားများနှင့် ရောင်းဝယ်ခြင်းကြောင့် အလွန်ပေါများ ကြွယ်ဝနေကြပြီး အတော်လေး ရှာနိုင်ခဲ့သည်။ သူတို့သည် ဝမ်းမြောက်ပျော်ရွှင်ခြင်းနှင့်အတူ ပြိုင်ပွဲကိုလည်း သိချင်စိတ် ပြင်းပြစွာ စောင့်မျှော်နေကြသည်။
တချို့က တိတ်တခိုး အလောင်းအစားများပင် လုပ်နေကြပြီး လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ ဝိညာဉ်ကွန်ရက်ပေါ်မှ ဆွေးနွေးချက်များမှာလည်း ပြိုင်ပွဲအကြောင်း ဖြစ်နေကြသည်။
ပြိုင်ပွဲမတိုင်မီ ညနေ၌ ဝမ်ပေါင်လဲ့သည် သူကြော်ငြာချင်သည့် ဓမ္မအဆောင်များကို နောက်ဆုံးပြင်ဆင်ခြင်းအဆင့် ပြီးဆုံးအောင် လုပ်နိုင်ခဲ့သည်။
ESTÁS LEYENDO
လက်ဖ၀ါးပြင်ထက်က ကမ္ဘာ (သို့)ဖက်တီးလေး နှင့် သူ၏မိတ်ဆွေများ (၀မ်ပေါင်လဲ့) book 1
Aventuraသက္ကရာဇ် ( ၃၀၂၉ ) ခုနစ်တွင် ကမ္ဘာကြီး၏နည်း ပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ နယ်နိမိတ်ကန့်သတ်ချက်များလည်း မရှိတော့ဘဲ ပြည်နယ်များအားလုံး စုစည်းလာရာ ပြည်ထောင်စု ခေတ်သစ် စတင်လာလေသည်။ ထိုအချိန်တွင် မိုးကောင်းကင်အလွန်မှ ဓားကြီးတစ် စင်း ပျံသန်...