271 - 275

154 17 0
                                    

လက်ဖဝါးပြင်ထက်က ကမ္ဘာ
မူရင်းစာရေးဆရာ - Ergen

အခန်း ( ၂၇၁ )
သွေးစွန်းသွားသော လကမ္ဘာ

ကန့်သတ်နယ်မြေအတွင်းရှိ အနီရောင်အပင်များအကြားတွင် ဝမ်‌ပေါင်လဲ့၏ ပုံရိပ်ထွက်ပေါ်လာ၏။ သူသည် သူ၏အင်္ကျီကို လဲလှယ်ပြီးပြီဖြစ်သည်။ ရုပ်သေးရုပ်များ၏ အစိတ်အပိုင်းများနှင့် ပြုလုပ်ထားသော ချပ်ဝတ်ကို သူ၏ခန္ဓာကိုယ်ပေါ်မှ ဖယ်လိုက်ပေပြီ။ သူသည် ကောင်းကင်တာအိုကျောင်းတော်၏ သာမန်တာအိုဝတ်ရုံကိုသာ ဝတ်ဆင်ထားလေသည်။

သူသည် အခက်အခဲများကို ရင်ဆိုင်ခဲ့ရသဖြင့် သူ၏ခပ်ဖိုင့်ဖိုင့်ခန္ဓာကိုယ်သည်ပင် သိသိသာသာ ပိန်သွားလေသည်။ သူ၏ မျက်နှာသည်လည်း ယခင်ကထက် ပို၍ခံ့ညားပေါ်လွင်လာ၏။

ထို့ပြင် သူ၏ မျက်ဝန်းများအတွင်းမှ ငြိမ်းချမ်းသည့်ပုံစံပေါ်သော အကြည့်တစ်ခုထွက်ပေါ်နေသဖြင့် ပို၍ပင် တည်ငြိမ်ခံ့ညားနေသည်ဟု ထင်ရပေသည်။ ထိုအကြည့်သည် မုန်တိုင်းမလာခင် တည်ငြိမ်နေသော ညကောင်းကင်တစ်ခုကဲ့သို့ပင်။ ၎င်းသည် နက်ရှိုင်းသည်ဟုထင်ရပြီး တချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်း၍  ဖိနှိပ်ထားသည့်ရူးသွပ်မှုတစ်ခုကိုလည်း သယ်ဆောင်လာလေသည်။

သူ၏လက်ထဲတွင် သတ္တမအဆင့်ဓမ္မလက်နက်ကို ကိုင်ထားပြီး သူ့ပတ်လည်တွင် လေဆင်နှာမောင်းများပေါ်လာ၏။ သူ့အနောက်ရှိ သွေးနီရောင်အပင်များအကြားမှ မိကျောင်းကြီး၏ပုံရိပ်ထွက်ပေါ်လာသည်။

ဝမ်ပေါင်လဲ့သည် ငရဲမှပြန်လာသော သတ်ဖြတ် ခြင်းနတ်ဘုရားတစ်ပါးကဲ့သို့ ထွက်ပေါ်လာခြင်းပင်။ သူရှေ့သို့ လျှောက်လှမ်းလိုက်သောအခါ သူ့ထံမှထွက်ပေါ်နေသော အရှိန်အဝါများတည်ငြိမ်သွား၏။ သူ၏ ကျင့်ကြံခြင်းအစွမ်း အငွေ့အသက်များကို သူ အာရုံခံ၍ မရနိုင်ပေ။ သို့သော် သူ၏လက်ထဲတွင်ကိုင်ထားသည့် ဓမ္မလက်နက်ကြောင့် သူ၏ ခန္ဓာကိုယ်ထဲတွင် အတိုင်းအစမရှိ များပြားသော စွမ်းအားများရှိနေကြောင်း သိနိုင်ပေသည်။ သူ၏ ကိုယ်တွင်းမှစွမ်းအားများကြောင့် ယခင်က ပြန်၍အာခံကာ ၎င်း၏အသုံးပြုသူကို အလွယ်တကူပြန်၍ တိုက်ခိုက်တတ်သောဓားကြီးသည် ဝမ်ပေါင်လဲ့ကို နာခံနေပေပြီ။

လက်ဖ၀ါးပြင်ထက်က ကမ္ဘာ (သို့)ဖက်တီးလေး နှင့် သူ၏မိတ်ဆွေများ (၀မ်ပေါင်လဲ့) book 1 Dove le storie prendono vita. Scoprilo ora