761 - 765

105 13 0
                                    

လက်ဖဝါးပြင်ထက်က ကမ္ဘာ
မူရင်းစာရေးဆရာ - Ergen

အခန်း (၇၆၁) - တစ်ဝက်တစ်ပျက် အမွေအနှစ်

ထာဝရကြယ် မျက်လုံးထဲရှိ အသိစိတ်ကြီး ပေါက်ကွဲထွက်ပေါ်လာသောအခါ ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး အပြင်းအထန်တုန်ရီသွား၏။ သူ၏ နတ်ဘုရားအာရုံမှာ ပျောက်ကွယ်သွားခြင်း မရှိသေးဘဲ ထို အသိစိတ်နှင့် ချိတ်ဆက်နေဆဲဖြစ်သောကြောင့် သူ ထုတ်လွှတ်လိုက်သည့် သူ၏ ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးမျက်လုံးပညာရပ်၏ စိတ်ဆန္ဒကြီးမှာ လက်တစ်ဖက်အသွင် ပြောင်းလဲသွားကာ နတ်ဆိုးတစ်သောင်းမျက်လုံးထဲမှ တစ်စုံတစ်ခုအား လှမ်းဆွဲနေလိုက်တော့သည်။ ထိုအချိန်တွင် သတင်းအချက်အလက်ပေါင်း မြောက်မြားစွာမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာ၏။ ထို့ကြောင့် သူသည် တစ်ကိုယ်လုံးတုန်ရီသွားရပြီး ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲသွားတော့မည့်အလား ခံစားလိုက်ရတော့သည်။

အကယ်၍ သူ၏နေရာတွင် အခြားတစ်ယောက်ယောက်သာဆိုပါက သေသွားလောက်ပြီဖြစ်သည်။ ကံကောင်းစွာဖြင့် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာ တမူထူးခြားနေသောကြောင့် ချက်ချင်းဆိုသလိုပင် မြူခိုးများအဖြစ် ပြောင်းလဲသွားကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီးနောက် ပြန်လည်စုဝေးသွားကြ၏။ ဝမ်ပေါင်လဲ့မှာ ထိုနည်းလမ်းကိုသုံးကာ ထို အားပြင်းလွန်းလှသော စွမ်းအားကြီးအား မနည်းကြိုးစား၍ တောင့်ခံလိုက်ရသည်။

သူ ထိုစွမ်းအားကြီးအား တောင့်ခံလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်မှာ ထပ်၍ ပြောင်းလဲသွားပြန်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အပေါက်များထဲမှ သွေးများစီးကျနေသည့်တိုင်အောင် သူ၏မျက်ဝန်းများထဲတွင်မူ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် အရိပ်အယောင်များနှင့် ပျော်ရွှင်မှုများ ပေါ်ပေါက်လာတော့သည်။

" ဒါက... " ဝမ်ပေါင်လဲ့၏ ဝိညာဉ်နှင့် ခန္ဓာကိုယ် နှစ်ခုစလုံးမှာ အပြင်းအထန် တုန်ရီသွားရသည်။ သူသည် သူ၏မှတ်ဉာဏ်များထဲ၌ နတ်ဆိုးမျက်လုံးပညာရပ်၏ အဆက်အား တစ်စိတ်တစ်ပိုင်းခန့် ရှာတွေ့သွားခြင်းဖြစ်၏။

လက်ဖ၀ါးပြင်ထက်က ကမ္ဘာ (သို့)ဖက်တီးလေး နှင့် သူ၏မိတ်ဆွေများ (၀မ်ပေါင်လဲ့) book 1 Donde viven las historias. Descúbrelo ahora