လက်ဖဝါးပြင်ထက်က ကမ္ဘာ
မူရင်းစာရေးဆရာ - Ergenအခန်း ( ၃၀၁ )
ငါက ဘာကိုကြောက်နေရမှာတုံးမီးဝိညာဉ်ကျောင်းမှ ကျောင်းအုပ်၏ မျက်လုံးများမှာ နီမြန်းသွား၏။ သူသည် စွမ်းအားအကုန်ထုတ်၍ ထိုတိုက်ကွက်ကို တွန်းလှန်ခုခံလိုက်ပါသော်လည်း ဝမ်ပေါင်လဲ့ ထုတ်သုံးလိုက်သော တိုက်ကွက်ကြီး၏ ပြင်းအားကို ခုခံနိုင်စွမ်းမရှိပေ။ ထိုဓားကြီး အောက်သို့ကျဆင်းလာချိန်တွင် လေထုထဲ၌ မိုးခြိမ်းသံတစ်သံ ပေါက်ကွဲထွက်ပေါ်လာ၏။
ထို တိုက်ကွက်ကြီး၏ ပြင်းအားကြောင့် လှိုင်းများ အဆက်မပြတ် ထလာ၏။ ဟိုတယ်အပြင်ဘက်တွင် စုဝေးနေကြသော ကျောင်းသားများမှာ တုန်လှုပ်ချောက်ချားသွားကြပြီး အများစုမှာ ပါးစပ်ထဲမှ သွေးများအန်ထွက်လာတော့သည်။ လူတိုင်း နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားကြ၏။ မီးဝိညာဉ်ကျောင်းမှ ဆရာများပင်လျှင် အပြင်းအထန် တုန်ရီသွားကြပြီး သွေးများအန်ထွက်လာတော့သည်။ ထို့နောက် သူတို့မှာ ကြိုးပြတ်သွားသော စွန်များကဲ့သို့ နောက်သို့ ဒယိမ်းဒယိုင်နှင့် ဆုတ်ခွာသွားကြတော့သည်။
မီးဝိညာဉ်ကျောင်းမှ ကျောင်းအုပ်မှာလည်း ပါးစပ်ထဲမှ သွေးများစီးကျလာ၏။ သူ၏ ဆံပင်များမှာလည်း အပိုင်းပိုင်းပြတ်သွားပြီး သူ၏ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားရတော့သည်။ ထိုအချိန်တွင် ဓားပြားကြီးမှာ သူ၏ရင်ဘတ်ကို အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်သွား၏။ ထို့ကြောင့် သူသည် တစ်ကိုယ်လုံး တွန့်လိမ်ကောက်ကွေးသွားကာ လမ်း၏ အခြားတစ်ဖက်အခြမ်းသို့ လွင့်ထွက်သွားပြီး သူ၏ ကျောင်းဝန်းထဲသို့ ပြန်ရောက်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာ သူ့အား သက်ညှာပေးလိုက်ခြင်းဖြစ်သည်။ သူသည် နောက်ဆုံးတွင် သူ၏ဓားကို လှည့်လိုက်သောကြောင့်သာ ကျောင်းအုပ်မှာ ဓားပြားဖြင့် ရိုက်နှက်ခံလိုက်ရခြင်း ဖြစ်သည်။ အကယ်၍ ထိုသို့သာ မလှည့်ခဲ့ပါက ကျောင်းအုပ်မှာ သူ၏ဓားကြောင့် ခေါင်းပြတ်နေလောက်ပြီ ဖြစ်သည်။
လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲတွင် ရှိခဲ့စဉ်တုန်းကဆိုလျှင် ဝမ်ပေါင်လဲ့မှာ ဤတိုက်ကွက်ကို ထုတ်သုံးနိုင်ခဲ့မည်မဟုတ်ပေ။ ထိုစဉ်တုန်းက သူသည် အခြေတည်အဆင့်သို့ ရောက်ရှိခါစ အနေအထားတွင်သာ ရှိသေးသည်ဖြစ်ရာ အခြေတည်အဆင့် လျှို့ဝှက်ဆန်းကြယ် ပညာရပ်တစ်ခုတစ်လေကိုပင် တတ်မြောက်ထားခြင်း မရှိပေ။ သို့သော် သူသည် ကမ္ဘာပေါ်သို့ ပြန်ရောက်လာခဲ့သည့် အချိန်ကတည်းက လျှပ်စီးတာအို အတွဲတစ်ကို လေ့ကျင့်နေခဲ့သည် မဟုတ်ပါလော။ သူသည် ပထမအဆင့်ကိုသာ ကျွမ်းကျင်တတ်မြောက်ထားပြီး သူ၏ ညာဘက်ခြေထောက်ပေါ်၌ လျှပ်စီးမင်ကြောင်တစ်ခု ရေးထိုးထားသည့်ပုံသာ ပေါက်နေပါသော်လည်း လက်တွေ့တွင်မူ ထိုကဲ့သို့ မဟုတ်ပေ။ ထို လျှို့ဝှက်ဆန်းကြယ် ပညာရပ်အား လေ့ကျင့်ခဲ့သောကြောင့် သူ၏ ဝိညာဉ်ချီများကို သန့်စင်နိုင်ခဲ့သဖြင့် ၎င်းတို့မှာ ပိုမို သန့်ရှင်းစင်ကြယ်လာပြီဖြစ်သလို ပို၍လည်း အစွမ်းထက်လာပြီဖြစ်သည်။
STAI LEGGENDO
လက်ဖ၀ါးပြင်ထက်က ကမ္ဘာ (သို့)ဖက်တီးလေး နှင့် သူ၏မိတ်ဆွေများ (၀မ်ပေါင်လဲ့) book 1
Avventuraသက္ကရာဇ် ( ၃၀၂၉ ) ခုနစ်တွင် ကမ္ဘာကြီး၏နည်း ပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ နယ်နိမိတ်ကန့်သတ်ချက်များလည်း မရှိတော့ဘဲ ပြည်နယ်များအားလုံး စုစည်းလာရာ ပြည်ထောင်စု ခေတ်သစ် စတင်လာလေသည်။ ထိုအချိန်တွင် မိုးကောင်းကင်အလွန်မှ ဓားကြီးတစ် စင်း ပျံသန်...