လက်ဖဝါးပြင်ထက်က ကမ္ဘာ
မူရင်းစာရေးဆရာ - Ergenအခန်း ( ၂၇၆ )
ရင်းနှီးသောနေရာသို့ ပြန်ရောက်လာခြင်းဝမ်ပေါင်လဲ့သည် ဆည်းဆာကြယ်စင်စုဂိုဏ်းကိုဖြစ်စေ၊ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်ကိုဖြစ်စေ ကြားနေဝါဒဖြင့်သာ ဆက်ဆံခဲ့လေသည်။ အကယ်၍ သူတို့သာ သူ့ကိုရန်မပြုပါက သူသည်လည်း ထိုသူများကို ရန်ပြုမည်မဟုတ်ပေ။ သို့သော် သူ လကမ္ဘာပေါ်သို့ ရောက်ကတည်းက ထိုနှစ်ဖွဲ့နှင့် အကြိမ်များစွာ ရင်ဆိုင်ခဲ့ရသည်။
သူသည် ဆည်းဆာကြယ်စင်စုဂိုဏ်းကို အတိုးနှင့်ပြန်၍ လက်စားချေပြီးပေပြီ။ သူ့နောက်သို့ လိုက်လာသည့်သူများအားလုံးကို သတ်ပစ်လိုက်ပြီဖြစ်သည်။ သို့သော် သူသည် အမြုတေအဆင့်အဘွားကြီးကို မသတ်နိုင်ပေ။ သို့ပေသည့် အဘွားကြီးသည်လည်း လကမ္ဘာပေါ်တွင်ရှိနေစဉ်တွင် သူ့ကို မည်သို့မှဆက်ဒုက္ခပေးနိုင်မည် မဟုတ်တော့ပေ။ အဘွားကြီးသည် ဝမ်ပေါင်လဲ့တစ်ယောက် သူမ၏လူများအား သတ်နေခြင်းကို မတားဆီးနိုင်ဘဲ လက်မှိုင်ချကြည့်နေရသည့်ခံစားချက်ကြောင့် ရူးလောက်အောင်ဒေါသထွက်နေမည်သာဖြစ်သည်။
‘ ဆည်းဆာကြယ်စင်စုဂိုဏ်းမှာ ငါသတ်ရမယ့်လူတစ်ယောက်ရှိသေးတယ်...ချန်ဟွေ့... ’
ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲတွင် အေးစက်စက်အလင်းတစ်ချက် ဖြတ်သန်းသွား၏။ သူသည် အဘွားကြီး၏တပည့်၏အမည်ကို သိခဲ့ပြီဖြစ်သည်။ သူသည် ထိုနှစ်ယောက်ကြားမှ ပတ်သက်မှုကိုလည်း သိခဲ့ပေပြီ။သူ သတ်ရန်ကျန်သော အခြားတစ်ယောက်မှာ ကျိုးဖေပင်။ လက်ရှိတွင် ချန်ဟွေ့ကို မတွေ့ရသေးပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့သည် ကျိုးဖေအပေါ်တွင်သာ အာရုံစိုက်ထားလိုက်သည်။ ထို့ပြင် သူသည် သူ့စာရင်းထဲရှိ ဆည်းဆာကြယ်စင်စုဂိုဏ်းမှလူတော်တော်များများကို သတ်ပြီးသွားပြီဖြစ်သော်လည်း ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ လူတစ်ယောက်ကိုမှ မထိရသေးပေ။
‘ ငါတို့က လူတွေကိုဆက်ဆံတာနဲ့ ကိစ္စတွေကို ကိုင်တွယ်တဲ့နေရာမှာ မျှမျှတတရှိရမှာပေါ့ ’
ဝမ်ပေါင်လဲ့ မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ချဉ်းကပ်လာသော ဥက္ကာခဲကြီးတစ်ခဲကဲ့သို့ အမြန်ဆုံးအရှိန်ဖြင့် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်၏ အခြေစိုက်စခန်းကို သွားနေလေသည်။ လကမ္ဘာအမှောင်ခြမ်းရှိ တောအုပ်ထဲတွင် ပုန်းအောင်းနေသော လဝိညာဉ်များနှင့် မျက်လုံးဖုတ်ကောင်များသည် သူ့ကိုမြင်လိုက်သည့်အခါတိုင်း ခေါင်းငုံ့၍ဦးညွှတ်လိုက်ကြသည်။
STAI LEGGENDO
လက်ဖ၀ါးပြင်ထက်က ကမ္ဘာ (သို့)ဖက်တီးလေး နှင့် သူ၏မိတ်ဆွေများ (၀မ်ပေါင်လဲ့) book 1
Avventuraသက္ကရာဇ် ( ၃၀၂၉ ) ခုနစ်တွင် ကမ္ဘာကြီး၏နည်း ပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ နယ်နိမိတ်ကန့်သတ်ချက်များလည်း မရှိတော့ဘဲ ပြည်နယ်များအားလုံး စုစည်းလာရာ ပြည်ထောင်စု ခေတ်သစ် စတင်လာလေသည်။ ထိုအချိန်တွင် မိုးကောင်းကင်အလွန်မှ ဓားကြီးတစ် စင်း ပျံသန်...