လက်ဖဝါးပြင်ထက်က ကမ္ဘာ
မူရင်းစာရေးဆရာ - Ergenအခန်း (၇၃၆) - ငါ့ကို သင်ခန်းစာပေးဖို့ ကြိုးစားနေတာလား
" ငါ့လို ဉာဏ်ကောင်းပြီး အံ့ဩဖို့ကောင်းတဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံခွင့်ရတဲ့ မဟာတောင်ထိပ်ဂိုဏ်းကို မနာလိုလိုက်တာ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ချောင်းဟန့်လိုက်၏။ ထို့နောက် သူသည် ဟန်ပန်အပြည့်ဖြင့် သူ၏အဖွဲ့ထဲမှ ထွက်ခွာလာပြီး ယွမ်ယင်အဆင့် အကြီးအကဲကြီး၏ ညွှန်ကြားချက်အတိုင်း စစ်သင်္ဘောကြီး၏ အတွင်းပိုင်းထဲသို့ ဦးတည်သွားလိုက်တော့သည်။
စစ်သင်္ဘောကြီး၏ ပြုပြင်ရေးလုပ်ငန်းများကို အပြင်ပိုင်းနှင့် အတွင်းပိုင်းဟူ၍ နှစ်မျိုး ခွဲခြားထား၏။ အပြင်ပိုင်း ပြုပြင်ရေးလုပ်ငန်းများထဲတွင် လုပ်ရသည့် အလုပ်ပမာဏမှာ များပြားပါသော်လည်း ကျွမ်းကျင်မှုအဆင့်အတန်း မြင့်မားနေစရာမလိုပေ။ သို့သော် အတွင်းပိုင်း ပြုပြင်ရေးလုပ်ငန်းများမှာမူ ပြောင်းပြန်ဖြစ်သည်။ ထို့အပြင် လုံခြုံရေးမှာလည်း ပို၍တင်းကျပ်သေးသည်။ ဝမ်ပေါင်လဲ့မှာ အထဲသို့ ဝင်ခွင့်မရခင် မန္တန်အစီအရင် ငါးခုအား ကျော်ဖြတ်ခဲ့ရ၏။
သူသည် လိုအပ်သည့် စစ်ဆေးမှုများကို ကျော်ဖြတ်လာခဲ့ပြီးနောက် စစ်သင်္ဘောကြီး၏ အတွင်းပိုင်းထဲသို့ တည်နေရာ ပြောင်းရွှေ့ခံလိုက်ရ၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ သူ့အား လမ်းပြပေးမည့် ကျင့်ကြံသူတစ်ယောက်အား မြင်လိုက်ရသည်။
သူသည် အစောပိုင်း အမြုတေအဆင့်တွင် ရှိနေသည့်ပုံ ပေါ်သော သက်လတ်ပိုင်း လူကြီးတစ်ယောက်ဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည်နှင့် ချက်ချင်းဆိုသလိုပင် ရှေ့သို့လှမ်းလာပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဦးညွှတ် အရိုအသေပေးလိုက်၏။
" မင်္ဂလာပါ ဂိုဏ်းတူအစ်ကိုကြီး လုံနန်ကျစ်။ စစ်သင်္ဘောကြီးရဲ့ အတွင်းပိုင်းထဲက အစိတ်အပိုင်းအများစုက ပျက်စီးယိုယွင်းနေတုန်းပါပဲ။ ပြုပြင်နေဆဲဖြစ်တဲ့ အစိတ်အပိုင်းတွေကို သိမထားရင် နေရာတိုင်းမှာ အန္တရာယ်တွေနဲ့ ကြုံရနိုင်ပါတယ်။ အဲတာကြောင့်မလို့ ဂိုဏ်းတူအစ်ကိုကြီးကို အဖွဲ့နံပါတ်ခုနစ်ဆီ ပို့ဆောင်ပေးဖို့ ကျွန်တော့်ကို တာဝန်ပေးထားတာပါ "
YOU ARE READING
လက်ဖ၀ါးပြင်ထက်က ကမ္ဘာ (သို့)ဖက်တီးလေး နှင့် သူ၏မိတ်ဆွေများ (၀မ်ပေါင်လဲ့) book 1
Adventureသက္ကရာဇ် ( ၃၀၂၉ ) ခုနစ်တွင် ကမ္ဘာကြီး၏နည်း ပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ နယ်နိမိတ်ကန့်သတ်ချက်များလည်း မရှိတော့ဘဲ ပြည်နယ်များအားလုံး စုစည်းလာရာ ပြည်ထောင်စု ခေတ်သစ် စတင်လာလေသည်။ ထိုအချိန်တွင် မိုးကောင်းကင်အလွန်မှ ဓားကြီးတစ် စင်း ပျံသန်...