476 - 480

173 20 0
                                    

လက်ဖဝါးပြင်ထက်က ကမ္ဘာ
မူရင်းစာရေးဆရာ - Ergen

အခန်း (၄၇၆) - ကောင်းကင်မြို့တော်၌ အခြေချနေထိုင်ခြင်း

ဝမ်ပေါင်လဲ့မှာအရွယ်ရောက်လာပြီနောက်ပိုင်း သူ၏မိဘများနှင့်အတူ ပထမဆုံး အကြိမ်အဖြစ် ယခုကဲ့သို့ ခရီးအရှည်ကြီး ထွက်ဖူးခြင်းဖြစ်သည်။  သူတို့မှာ တောင်စဉ်တန်းများအပေါ်မှ ဖြတ်ပျံကာ မြစ်များကို ကျော်ဖြတ်ခဲ့ကြ၏။ ထို့အပြင် တောအုပ်ကြီးများနှင့် ကန္တာရကြီးများကိုလည်း ဖြတ်ကျော်ခဲ့ကြသေးသည်။

ရက်စက်ကြမ်းကြုတ်သော သားရဲကြီးများဖြင့် ပြည့်နှက်နေသည့် အန္တရာယ်များသော နေရာတစ်ခုဖြစ်စေ၊ လူသူကင်းမဲ့ကာ ခြောက်ကပ်နေသည့် နယ်မြေတစ်ခုဖြစ်စေ သို့မဟုတ် ရာသီဥတုများ ဆိုးရွားလွန်းသောကြောင့် သာမန်သူများ အနားသို့ပင် မကပ်ရဲကြသည့် နေရာများဖြစ်စေ မရှိပေ။ ဝမ်ပေါင်လဲ့၏ လက်ရှိ အမြုတေအဆင့် ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် သူသည် သူ၏မိဘများအား ကမ္ဘာပေါ်ရှိ တားမြစ်နယ်မြေအချို့မှလွဲ၍ အခြားမည်သည့်နေရာကိုမဆို ဘေးမသီရန်မခ ခေါ်သွားနိုင်ပေသည်။

လက်ရှိပြည်ထောင်စုကြီးထဲတွင် အမြင့်ဆုံး ကျင့်ကြံခြင်းအဆင့်မှာ ယွမ်ယင်အဆင့်ဖြစ်၏။ သို့ဖြစ်ရာ အမြုတေအဆင့်၌ ရှိနေကြသူများကို ... ပြည်ထောင်စုကြီးထဲရှိ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်များအဖြစ် သတ်မှတ်နိုင်ပေသည်။

ထို့အပြင် ဝမ်ပေါင်လဲ့မှာ ဒုပဏာမအဆင့်နှစ် အရာရှိတစ်ယောက်အဖြစ် ရာထူးတိုးခံလိုက်ရပြီးနောက် ထိုအဆင့်နှင့် ထိုအဆင့်၏အထက်ရှိ ပုဂ္ဂိုလ်များသာ ဖတ်ရှုခွင့်ရှိသော ထိပ်တန်းအဆင့် လျှို့ဝှက်ချက်များကို ဖတ်ရှုနိုင်ခဲ့၏။ ထိုသို့ဖြင့် သူသည် မဟာကမ္ဘာမန္တန်အစီအရင်ကြီး၏ အကြောင်းရေးသားထားသည့် စာရွက်စာတမ်းများကို ဖတ်ရှုခဲ့လေသည်။ ထိုစာရွက်စာတမ်းများထဲတွင် ဒုပဏာမအဆင့်နှစ်နှင့် အထက်တွင်ရှိသော အရာရှိများမှာ မဟာကမ္ဘာမန္တန်အစီအရင်ကြီးအား ထိန်းချုပ်ခွင့်ရှိကြောင်း ရေးသားထား၏။ သူသည် အတိုင်းအတာတစ်ခုအထိသာ ထိန်းချုပ်နိုင်မည် ဖြစ်ပါသော်လည်း ထိုကဲ့သို့ ထိမ်းချုပ်နိုင်ရုံမျှဖြင့် သူ့ထက် အဆင့်နိမ့်သည့်လူများ သူ့အား ပြဿနာလာမရှာရဲအောင် တားဆီးနိုင်ပေသည်။

လက်ဖ၀ါးပြင်ထက်က ကမ္ဘာ (သို့)ဖက်တီးလေး နှင့် သူ၏မိတ်ဆွေများ (၀မ်ပေါင်လဲ့) book 1 Where stories live. Discover now