46 - 50

266 30 0
                                    

လက်ဖဝါးပြင်ထက်က ကမ္ဘာ
မူရင်းစာရေးဆရာ - Ergen

အခန်း ( ၄၆ )
ကျင့်ကြံသူများ

ကမ္ဗည်းစာ ဆရာများ၏ တအံ့တဩ အော်မေးသံကြီးကို ကြားလိုက်ရသောအခါ ဘေးပတ်ပတ်လည်မှ ကျောင်းသားခေါင်းဆောင်အားလုံး မှင်တက်သွားကြသည်။ သူတို့၏ အသိစိတ်များ ကယောင်ချောက်ချား ဖြစ်သွားကြပြီး ဝမ်ပေါင်လဲ့အား စူးရှစွာ စိုက်ကြည့်နေကြတော့သည်။

" အဆင့်မြင့်ကျွန်းမှာ သင်ရတဲ့ ပညာရပ်တွေဆိုပါလား "

" ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ရတာလဲ။ သူ့ကို တစ်ယောက်ယောက်ကများ သင်ပေးထားတာလား။ ဒါပေမဲ့ အဲဒီလိုလည်း မဖြစ်နိုင်ဘူးလေ။ သူက  အဆင့်နိမ့်ကျွန်းရဲ့ အခြေခံသင်ရိုးကနေ အဆင့်မြင့်ကျွန်းရဲ့ အဆင့်မြင့် ပညာရပ်တွေကိုပါ ကျိုးကြောင်းဆက်စပ်ပြီးတော့ လေ့လာခဲ့တာပဲ ဖြစ်ရမယ် "

" သောက်ကျိုးနဲ … ဒီ.... ဒီကောင်က ဘယ်သူလဲဟ "

သူတို့မှာ ကျောင်းသားခေါင်းဆောင်များဖြစ်ကြရာ ထိပ်တန်းအဆင့်ကျောင်းသားများ ဖြစ်ကြပြီး အခြားသူများ၏ မျက်လုံးများထဲတွင် ဂြိုဟ်သားများကဲ့သို့ပင် ဖြစ်နေကြသည်။ သို့သော် ယနေ့တွင်မူ ထိုဂြိုဟ်သားများ၏ မျက်လုံးများထဲတွင် ဝမ်ပေါင်လဲ့မှာ ဂြိုဟ်သားအစစ် ဖြစ်‌နေပြီဖြစ်သည်။

လင်းတျန်ဟောက်မှာလည်း အတွေးများ ယောက်ယက်ခတ်နေပြီဖြစ်ပြီး ထိုလူအုပ်ထဲတွင် အစိုးရိမ်ဆုံး ဖြစ်နေသည့်လူမှာ ချောင်ခွင်းပင် ဖြစ်သည်။ သူသည် ပါမောက္ခကြီးနှင့် ဌာနမှူးအပါအဝင် အခြားလူအားလုံးထက် ပို၍ စိတ်ဖိစီးနေရပြီ ဖြစ်သည်။

သူသည် ကမ္ဗည်းစာခန်းမ၏ ကျောင်းသားခေါင်းဆောင် ဖြစ်နေပါသော်လည်း ဝမ်ပေါင်လဲ့ မေးမြန်းခဲ့သော မေးခွန်းများကို ကြည့်လျှင် ဝမ်ပေါင်လဲ့၏ ကမ္ဗည်းစာကျွမ်းကျင်မှုမှာ သူ့ထက်ပင် ပို၍ သာလွန်နေသည်ဖြစ်ကြောင်း သိနိုင်၏။ ထို့ကြောင့် သူသည် ရင်ခုန်နှုန်းများ မြန်လာရပြီး စိုးရိမ်ပူပန်စိတ်များကြောင့် အမြင်အာရုံများ ဝေဝါးလာရတော့သည်။

" မဖြစ်နိုင်ပါဘူးကွာ။ ငါ ဒီလိုမျိုး တွေးကြောက်နေလို့ မဖြစ်ဘူး။ ဒီဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က လွန်ခဲ့တဲ့ လအနည်းငယ်ကမှ ဝိညာဉ်ကျောက်တုံးခန်းမရဲ့ ကျောင်းသားခေါင်းဆောင် ဖြစ်လာခဲ့တာလေ။ သူ့ရဲ့ ကမ္ဗည်းစာကျွမ်းကျင်မှုက ငါ့လောက် မနက်နဲနိုင်ပါဘူးကွာ။ သူ ငါ့ရဲ့ ရာထူးကို စိန်ခေါ်နိုင်မှာ မဟုတ်ပါဘူး။ လုံးဝ စိန်မခေါ်နိုင်စေရဘူး "
ချောင်ခွင်း၏ မျက်လုံးများမှာ ရဲရဲနီနေတော့သည်။ သူသည် သူ့ကိုယ်သူ နှစ်သိမ့်နေပါသော်လည်း သူ၏ နှလုံးသားမှာမူ တဆတ်ဆတ် တုန်ရီနေရပြီဖြစ်သည်။

လက်ဖ၀ါးပြင်ထက်က ကမ္ဘာ (သို့)ဖက်တီးလေး နှင့် သူ၏မိတ်ဆွေများ (၀မ်ပေါင်လဲ့) book 1 Donde viven las historias. Descúbrelo ahora