လက်ဖဝါးပြင်ထက်က ကမ္ဘာ
မူရင်းစာရေးဆရာ - Ergenအခန်း ( ၂၆၆ )
လကမ္ဘာပေါ်တွင် သွေးချောင်းစီးခြင်းဆည်းဆာကြယ်စင်စုဂိုဏ်းမှ အခြေတည်အဆင့်ကျင့်ကြံသူ ရောက်လာသောအခါ ဝမ်ပေါင်လဲ့သည်စကားတစ်ခွန်းမှမဆိုလိုက်ဘဲ သူ၏ဘယ်ဘက်လက်ကို မြှောက်၍ ထိုလူကို ထိုးလိုက်လေသည်။
လက်သီးချက်သည် ဆွေ့ရှင်းပေါင်ကို ထုတ်လွှတ်လိုက်ပြီး ဝမ်ပေါင်လဲ့၏ ခွန်အားများကို တိုးပွားလာစေသည်။ စွမ်းအားအမြောက်အမြားသည် ကြီးမားသောဝဲကတော့ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အရာအားလုံးကို ဖျက်ဆီးပစ်ကာ မြည်ဟည်းသံကြီးဖြင့် ထိုအခြေတည်အဆင့်ကျင့်ကြံသူကို ထိုးနှက်လိုက်လေသည်။
ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အခြေတည်အဆင့်ကျင့်ကြံသူ၏ မျက်နှာပေါ်တွင် တုန်လှုပ်မှုအရိပ်အယောင်များပေါ်လာ၏။ ဝမ်ပေါင်လဲ့သည် အားနည်းနေပြီး သူတို့၏အကြီးအကဲသည် သူ၏တာအိုအုတ်မြစ်ကို ဖျက်ဆီးလိုက်ကြောင်း သူ သိလေသည်။ ထို့ကြောင့် သူသည် ယုံကြည်မှုရှိရှိ တိုက်ခိုက်လိုက်ခြင်းပင်။ ဝမ်ပေါင်လဲ့၏ လက်သီးချက်နောက်တွင် ထိုမျှပြင်းထန်သောအားများပါလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် သူ့အနေဖြင့် အာနာပါနအဆင့်ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်နေရခြင်းမဟုတ်ဘဲ သူနှင့်အဆင့်တူ အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးကို ရင်ဆိုင်နေရသကဲ့သို့ ခံစားလာရလေသည်။
‘ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အကြီးအကဲက သူ့ရဲ့တာအိုအုတ်မြစ်ကို ဖျက်ဆီးလိုက်ပြီ မဟုတ်ဘူးလား ’
ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ကျင့်ကြံသူ၏ မျက်နှာပေါ်တွင် ခံစားချက်များ ဖြတ်သန်းသွားပြီး မျက်ဝန်းများထဲတွင် အလင်းတစ်ချက်လက်သွားကာ လက်ဟန်များကို လျင်မြန်စွာ ပြုလိုက်လိုက်လေသည်။ သူ့အရှေ့တွင် ကြီးမားသော လခြမ်းကွေးတစ်ခုပေါ်လာပြီး ဆွေ့ရှင်းပေါင်ကြောင့် ဖြစ်ပေါ်လာသော ဝဲကတော့ကြီးနှင့် ထိခတ်သွား၏။ထိုအခိုက်တွင် ဝမ်ပေါင်လဲ့၏ ဘယ်ဘက်လက်မှ ဆွေ့ရှင်းပေါင် ပျောက်ကွယ်သွားပြီး သူ၏ညာဘက်လက်သည် လေထဲသို့ မြောက်တက်သွားသည်။ သူ့လက်ထဲတွင် သတ္တမအဆင့် ဓမ္မလက်နက်ထွက်ပေါ်လာ၏။ ၎င်းသည် ကျယ်လောင်သံမြည်ဟည်းသံကြီးတစ်ခုနှင့်အတူ ဆွေ့ရှင်းပေါင်ဝဲကတော့ကြီးကို ခုတ်ချလိုက်လေသည်။
STAI LEGGENDO
လက်ဖ၀ါးပြင်ထက်က ကမ္ဘာ (သို့)ဖက်တီးလေး နှင့် သူ၏မိတ်ဆွေများ (၀မ်ပေါင်လဲ့) book 1
Avventuraသက္ကရာဇ် ( ၃၀၂၉ ) ခုနစ်တွင် ကမ္ဘာကြီး၏နည်း ပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ နယ်နိမိတ်ကန့်သတ်ချက်များလည်း မရှိတော့ဘဲ ပြည်နယ်များအားလုံး စုစည်းလာရာ ပြည်ထောင်စု ခေတ်သစ် စတင်လာလေသည်။ ထိုအချိန်တွင် မိုးကောင်းကင်အလွန်မှ ဓားကြီးတစ် စင်း ပျံသန်...