လက်ဖဝါးပြင်ထက်က ကမ္ဘာ
မူရင်းစာရေးဆရာ - Ergenအခန်း (၃၈၆) - ပဏာမအဆင့်သုံး
ပြည်ထောင်စုကြီးတစ်ခုလုံးအတွက်မူ ၎င်းမှာ အလွန်အင်မတန်မှ အရေးကြီးသော သိကိစ္စရပ်ကြီးတစ်ခု ဖြစ်နေ၏။ ရှေးယခင်တုန်းက အင်္ဂါဂြိုဟ်ဘုရင်ခံမှာ အင်္ဂါဂြိုဟ်မြို့တော်ထဲရှိ သူမ၏ အောင်မြင်မှုများကြောင့် ပဏာမအဆင့်နှစ်ရာထူးအား ရရှိသွားခဲ့ခြင်းဖြစ်သလို ပြည်ထောင်စုဥက္ကဋ္ဌ အလောင်းအလျာတစ်ယောက်လည်း ဖြစ်လာခဲ့ရခြင်းဖြစ်သည်။
ယခုတွင်မူ မြို့တော်နယ်မြေအသစ်၌ တာဝန်အသစ် ထမ်းဆောင်နေရသည့် ပဏာအဆင့်လေးအရှိတစ်ယောက်ဖြစ်သော ဝမ်ပေါင်လဲ့မှာ ခံတပ်တစ်ခုကိုလည်း တည်ဆောက်နေသည်ဖြစ်သည်။ ထို့ကြောင့် သူသည် လူအများ၏ အာရုံစိုက်ခြင်းကို နှစ်ဆယ့်လေးနာရီမပြတ် ခံနေရ၏။
သတင်းထုတ်ပြန်ရေးဌာနအားလုံးမှာလည်း ဤကိစ္စကြီးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ထုတ်လွှင့်ပြသနေကြပြီ ဖြစ်သည်။ သူတို့မှာ ထိုကိစ္စကြီးအား သိရှိနေကြသည်ကိုကြည့်လျှင် ၎င်းမှာ ပြည်ထောင်စုကြီး၊ အင်္ဂါဂြိုဟ်နှင့် အင်အားစုအသီးသီး၏ လုပ်ရပ်သာဖြစ်ကြောင်း သိမြင်နိုင်ပေသည်။
သတင်းများထဲ၌ ထိုကိစ္စကြီးအကြောင်း ပါလာသည့်နှင့် တစ်ပြိုင်နက် ကမ္ဘာပေါ်မှ လူတိုင်းမှာ ထိုကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးငြင်းခုံနေကြတော့သည်။ အင်္ဂါဂြိုဟ်ပေါ်မှ လူများမှာလည်း ထိုကိစ္စကြီးအား အလွန်အင်မတန်မှ စိတ်ဝင်စားသွားကြ၏။
ပြည်ထောင်စုကြီးတစ်ခုလုံး၏ အာရုံစိုက်ခြင်းကို ခံနေရပြီဖြစ်ရာ ဝမ်ပေါင်လဲ့တစ်ယောက် ခံတပ်ကြီးတခုကို တည်ဆောက်ရန် အကြံပေးခဲ့ရသည့် ရည်ရွယ်ချက်များမှာ သိပ်မကြာခင်တွင် ပျံ့နှံ့သွားတော့သည်။ အဓိက အကြောင်းအရင်းနှစ်ချက် ရှိ၏။ ပထမတစ်ချက်မှာ အင်္ဂါဂြိုဟ်နယ်မြေအသစ်ထဲ၌ လှိုဏ်ခေါင်းအသစ်တစ်ခု ပေါ်ပေါက်လာခဲ့သောကြောင့် အင်္ဂါဂြိုဟ်ဘုရင်ခံမှာ ယခင်တုန်းက ပြည်ထောင်စုကြီးဘက်၌ နတ်ဘုရားလက်နက်ကြီးအား ကိုင်တွယ်ဖြေရှင်းရန် အချိန်သိပ်မကျန်တော့ဟု သုံးသပ်ခဲ့သည်မှာ မှန်ကန်နေပြီဖြစ်ကြောင်း သေချာသွားပြီဖြစ်သည်။
YOU ARE READING
လက်ဖ၀ါးပြင်ထက်က ကမ္ဘာ (သို့)ဖက်တီးလေး နှင့် သူ၏မိတ်ဆွေများ (၀မ်ပေါင်လဲ့) book 1
Adventureသက္ကရာဇ် ( ၃၀၂၉ ) ခုနစ်တွင် ကမ္ဘာကြီး၏နည်း ပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ နယ်နိမိတ်ကန့်သတ်ချက်များလည်း မရှိတော့ဘဲ ပြည်နယ်များအားလုံး စုစည်းလာရာ ပြည်ထောင်စု ခေတ်သစ် စတင်လာလေသည်။ ထိုအချိန်တွင် မိုးကောင်းကင်အလွန်မှ ဓားကြီးတစ် စင်း ပျံသန်...