321 - 325

171 14 0
                                    

လက်ဖဝါးပြင်ထက်က ကမ္ဘာ
မူရင်းစာရေးဆရာ - Ergen

အခန်း ( ၃၂၁ )
ငါ့ကိုအသက်ထွက်တဲ့အထိ ရိုက်ရင်တောင် ငါ လုံးဝ ပြန်ပြောမှာ မဟုတ်ဘူး

" အမ် "
ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို အမှောင်ထုထဲမှ လီဝမ်အာ၏ စကားများကို ကြားလိုက်ရသောအခါ အံ့အားသင့်သွား၏။ ထို့နောက် သူသည် သတိကြီးကြီးထားကာ ပြန်ပြောလိုက်လေသည်။

" လီဝမ်အာ။ ငါတို့ကို တစ်ယောက်ယောက်က လာကယ်မှာပါ။ နင် မဟုတ်တာတွေ မတွေးပါနဲ့။ အသက်မထွက်ခင် ထင်တိုင်းကြဲရမယ့် အခြေအနေအထိ ငါတို့တွေ မရောက်သေးပါဘူး "

" အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့။ နင့် အဝတ်အစားတွေကို မြန်မြန်ချွတ်လိုက်စမ်း "
လီဝမ်အာမှာ အနည်းငယ်ခန့် စိတ်ရှုပ်သွားရသဖြင့် လေသံ တင်းမာလာ၏။ သူမသည် နဂိုကတည်းက ခေါင်းမာတတ်သည်ဖြစ်ပြီး ယခုတွင်လည်း ဖိအားများကြောင့် စိတ်ရှုပ်နေရသည်ဖြစ်ရာ သူမ၏ ဒေါသစိတ်များကို မမျိုသိပ်ထားနိုင်တော့ပေ။

" ဘာလို့ချွတ်ရမှာလဲ။ နင်လည်း ချမ်းနေသလို ငါလည်းချမ်းနေတာပဲလေ "
လီဝမ်အာ၏ စကားများကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ မကျေမနပ် ဖြစ်သွားရ၏။ သူသည် အရေထူပြီး ခန္ဓာကိုယ်အရွယ်အစား ကြီးမားနေသည့်တိုင်အောင် အအေးဒဏ်များကို ခံစားနေရဆဲပင်။ သူသည် လီဝမ်အာလောက် ချမ်းမနေပါသော်လည်း သူ၏အဝတ်အစားများကို ချွတ်လိုက်မည်ဆိုပါက တစ်ခဏလေးအတွင်း အေးခဲသွားမည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူမ၏စကားကို နားမထောင်သည်ကို မြင်လိုက်ရသောအခါ လီဝမ်အာမှာ မျက်မှောင်ကြုတ်သွားရ၏။ သူမ၏ မျက်လုံးများမှာ အ‌မှောင်ထုကြီးကို ကျင့်သားရနေပြီဖြစ်ရာ အရာအားလုံးကို အနုစိတ် မမြင်နိုင်သေးသည့်တိုင်အောင် ဝမ်ပေါင်လဲ့ ရှိနေသည့်နေရာကို ခံနိုင်စွမ်းရှိနေ၏။ ထို့ကြောင့် သူမသည် သူ့အား အေးစက်စက် စိုက်ကြည့်လိုက်တော့သည်။ အချိန်အနည်းငယ်ခန့် ကြာပြီးမှ သူမသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူမ၏ဒေါသစိတ်များကို မျိုသိပ်ကာ တည်ကြည်စွာ ရှင်းပြလိုက်၏။

လက်ဖ၀ါးပြင်ထက်က ကမ္ဘာ (သို့)ဖက်တီးလေး နှင့် သူ၏မိတ်ဆွေများ (၀မ်ပေါင်လဲ့) book 1 जहाँ कहानियाँ रहती हैं। अभी खोजें