လက်ဖဝါးပြင်ထက်ကမ္ဘာ
မူရင်းစာရေးဆရာ - Ergenအခန်း ( ၁၁ )
ဆရာ၊ ကျနော် ပါချင်လို့ထိုအသားလုံးကြီးက အဆမတန် မြန်ဆန်လွန်းနေ၏။ ၎င်းမှာ အနီရောင်ဖြစ်နေသောကြောင့် နေရောင်အောက်တွင် ပို၍ အာရုံဖမ်းစားနိုင်စွမ်း ရှိနေတော့သည်။ ၎င်း၏ မြန်ဆန်လှသော လှုပ်ရှားမှုကြောင့် လေပြင်းများတိုက်ခတ်လာပြီး ၎င်းသည် သိုင်းပညာဌာနကျောင်းသားများကို တန်း၍ ကျော်တက်သွားကာ အဝေးသို့ဆက်၍ ထွက်သွားတော့သည်။
သိုင်းပညာဌာနမှ ဆရာဖြစ်သူ အံ့အားသင့်သွားရတော့သည်။ အော်ဟစ်ရန် ပြင်နေကြသည့် ကျောင်းသားများမှာလည်း ဆွံ့အသွားကြတော့သည်။ အားရပါးရဖြင့် လူပေါင်းစုံ သံပြိုင်အော်ဟစ်ကြွေးကြော်ရမည့် အသံကြီးမှာ ချက်ချင်းပင် ယောက်ယက်ခတ်သွားကြတော့သည်။
" အဲဒါ ဘာကြီးလဲ "
" အသစ်ထွင်ထားတဲ့ မီးပုံးပျံ ဘောလုံးကြီးများလား "
သိုင်းပညာဌာနမှ ကျောင်းသားများမှာ ရုတ်ရုတ်သဲသဲနှင့် ဆွေးနွေးငြင်းခုန်နေကြတော့သည်။ သူတို့၏ ဆရာတစ်ယောက်သာ တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားပြီးနောက် မသင်္ကာသည့် အမူအရာတစ်ခု ပေါ်လာ၏။ သို့သော် ကျောင်းသားတချို့က တိတ်တိတ်ကလေးလေး လစ်ထွက်သွားရန် ပြင်နေကြသည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများက သူတို့ထံ ချက်ချင်းရောက်သွားကြတော့သည်။
" မင်းတို့က ဘာကြည့်နေကြတာလဲ။ အပြေးလေ့ကျင့်ခန်းက ဘာဖြစ်သွားတာလည်းကွ "
သူက ထိုသို့ အော်ဟစ်လိုက်သောအခါ ကျောင်းသားများမှာ ထိုအသားလုံးကြီးအား လှမ်းကြည့်နေသည်ကို ရပ်တန့်လိုက်ကြပြီး အတွေးထဲတွင် မေးခွန်းများကိုယ်စီဖြင့် ပြန်၍ ပြေးလွှားလိုက်ကြတော့သည်။ ထို့နောက် သူတို့သည် ဆက်၍ အားရပါးရ သံပြိုင်အော်ဟစ်နေကြသောကြောင့် ထိုမေးခွန်းများမှာ တဖြည်းဖြည်းနှင့် လွင့်ပါးပျောက်ကွယ်သွားတော့သည်။ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့မှာမူ ပတ်ဝန်းကျင်အခြေနေကို လုံးလုံး သတိမထားမိပေ။ သူသည် တစ်ကိုယ်လုံး ချွေးများရွှဲနေပြီး သူ၏အသိစိတ်ထဲတွင်လည်း ဝိတ်ကျအောင် လုပ်ရမည့် အတွေးများဖြင့်သာ ပြည့်နှက်နေ၏။ ဖက်တီးဘိုးဘေးကြီးများက သူ၏နောက်မှ လိုက်လာနေကြသည်ဖြစ်ပြီး အကယ်၍ သူသာ အရှိန်လျော့သွားမည်ဆိုပါက ထိုဘိုးဘေးကြီးများနှင့် ပြန်လည်ပေါင်းစည်းလိုက်ရတော့မည့်အလားပင်။
BẠN ĐANG ĐỌC
လက်ဖ၀ါးပြင်ထက်က ကမ္ဘာ (သို့)ဖက်တီးလေး နှင့် သူ၏မိတ်ဆွေများ (၀မ်ပေါင်လဲ့) book 1
Phiêu lưuသက္ကရာဇ် ( ၃၀၂၉ ) ခုနစ်တွင် ကမ္ဘာကြီး၏နည်း ပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ နယ်နိမိတ်ကန့်သတ်ချက်များလည်း မရှိတော့ဘဲ ပြည်နယ်များအားလုံး စုစည်းလာရာ ပြည်ထောင်စု ခေတ်သစ် စတင်လာလေသည်။ ထိုအချိန်တွင် မိုးကောင်းကင်အလွန်မှ ဓားကြီးတစ် စင်း ပျံသန်...