166 - 170

265 19 0
                                    

လက်ဖဝါးပြင်ထက်က ကမ္ဘာ
မူရင်းစာရေးဆရာ - Ergen

အခန်း ( ၁၆၆ )
နွေးထွေးတဲ့ စိတ်ထားနဲ့ ညှာတာတတ်တဲ့ ဂိုဏ်းတူအစ်ကိုကျောက်

အေးစက်စက် ရယ်မောလိုက်ပြီး ကျောက်ဟိုင်လင်းက ချက်ချင်းပင် ဗီဒီယိုတစ်ပုဒ် ရိုက်ကူးကာ ဝိညာဉ်ကွန်ရက်‌ပေါ်သို့ ဖြန့်ဝေလိုက်သည်။

ယခုအချိန်ထိ ဝိညာဉ်ကွန်ရက်ပေါ်မှ ဤကိစ္စအ‌ပေါ် အာရုံစိုက်နေကြသူများမှာ တိုးပွားလာနေဆဲ ဖြစ်သည်။ သူတို့အားလုံးက ဓါးပျံ၏ ဖွဲ့စည်းပုံကို သေချာ ရှင်းပြပေးမည့် ကျောက်ဟိုင်လင်း၏ ဗီဒီယိုကို မျှော်လင့်နေကြသည်။ ကျောက်ဟိုင်လင်း၏ ဗီဒီယို ပေါ်ထွက်လာသည့် အခိုက်အတန့်၌ ကြည့်ရှုသူ အရေအတွက်မှာ ထိုးတက်သွားသည်။ ကြည့်ရှုပြီးသူများက ဗီဒီယိုအကြောင်း ပြန်လည် ဖြန့်ဝေကြရာ မကြာမီ ကျောက်ဟိုင်လင်း၏ ဗီဒီယို ကြည့်ရှုသူအရေအတွက် တဟုန်ထိုး မြင့်တက်သွားသည်။

ဗီဒီယိုထဲ၌ ကျောက်ဟိုင်လင်းသည် ဓါးပျံအကြောင်း ဆန်းစစ်လေ့လာရာမှ ဖြစ်ပေါ်လာသည့် ပင်ပန်းနေသည့်ပုံစံကို တစ်စက်ကလေးမှ ထုတ်မပြပေ။ သူသည် အင်အားအပြည့်ဖြင့် ယခင်ကဲ့သို့ ထောင်လွှားသည့် အကြည့်၊ တည်ငြိမ်သည့် အမူအရာဖြင့် ရှင်းပြသွားသည်။

“ ဒီဗီဒီယိုကို ရက်နည်းနည်းကြာမှ ရိုက်ရတဲ့ အကြောင်းရင်းက စတုတ္ထအဆင့် နတ်ဘုရား ရတနာကို သန့်စင်နေလို့ပါ။ ကျုပ်က ဒီဓါးပျံကို အချိန်မပေးနိုင်၊ အာရုံမစိုက်နိုင်ဘူး။ မနေ့ကမှ စတုတ္ထအဆင့် နတ်ဘုရား ရတနာကို အောင်မြင်စွာ သန့်စင်ဖန်တီးနိုင်ခဲ့လို့ နောက်ဆုံးမှာ ဒီဓါးကို လှည့်ကြည့်ဖို့ အချိန်လေးရလာတာ ”

“ ကျုပ်အထင်မှာတော့၊ ဒီဓါးက.... အမှိုက်ဖြစ်နေတုံးပဲ”

“ အရင်တစ်ခုထက်တောင် ပိုဆိုးပြီးတော့ ဒါက အမှိုက်တကာ့ အမှိုက်ပဲ ”

“ လုပ်တဲ့သူကို ပြောချင်တာက၊ မင်း ငါ့စကားကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ငါ အရေးမစိုက်ဘူး။ ဒါပေမဲ့ ဓမ္မလက်နက်အဆောင်က ဓမ္မစစ်သည်တစ်ယောက်အနေနဲ့ ဓမ္မလက်နက်အဆောင်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ဆိုတာ မင်းထင်သလောက် မလွယ်ဘူးဆိုတာ မင်းသိအောင်ပြောဖို့ ငါ့မှာ တာဝန်ရှိတယ်”

လက်ဖ၀ါးပြင်ထက်က ကမ္ဘာ (သို့)ဖက်တီးလေး နှင့် သူ၏မိတ်ဆွေများ (၀မ်ပေါင်လဲ့) book 1 Nơi câu chuyện tồn tại. Hãy khám phá bây giờ