171 - 175

264 19 0
                                    

လက်ဖဝါးပြင်ထက်က ကမ္ဘာ
မူရင်းစာရေးဆရာ - Ergen

အခန်း ( ၁၇၁ )
သားရဲများအား နှိမ်နင်း၍ ဗိုလ်ချုပ်ကြီး ဖြစ်လာရန်

ထို သ၀ဏ်လွှာနှင့်အတူ ချန်းယွီထုံ၏ အသံလွှင့်အကြောင်းကြားစာတစ်စောင် ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာ၏။

" ညီလေးပေါင်လဲ့ရေ။ မင်းလည်း သ၀ဏ်လွှာကို ရပြီးသားဖြစ်မှာပါ။ အစ်ကိုတို့‌တွေ နတ်ဘုရားရတနာတွေကို ပြုပြင်ထိန်းသိမ်းပေးတဲ့နေရာမှာ ကူညီပေးဖို့အတွက် သတ္တမမြောက်ခံတပ်ဆီကို သွားရတော့မှာ။ ဓမ္မလက်နက်အဆောင်က ကျောင်းသားအကုန်လုံးနီးပါးကို သက်ဆိုင်ရာ ခံတပ်အသီးသီးဆီကို စေလွှတ်ဖို့ စီစဉ်ပြီးသွားပြီ။ အစ်ကိုနဲ့အတူ သွားရမဲ့ လူတချို့ ရှိတယ်။ အစ်ကိုရဲ့အဖွဲ့ထဲမှာ မင်းရယ်၊ ကျိုးဖုန်းဟိုင်ရယ် စွန်းဖန်လို့ ခေါ်တဲ့လူရယ် ပါတယ်တဲ့ "

" ပြည်ထောင်စုကြီးထဲမှာ ဗိုလ်ချုပ်ကြီး ခုနစ်ယောက်ရှိတယ်။ သတ္တမမြောက်ခံတပ်မှာ တာဝန်ကျနေတဲ့ ဗိုလ်ချုပ်ကြီးနာမည်က ကျိုးသဲ့ရှီတဲ့။ ညီလေးပေါင်လဲ့…  ဗိုလ်ချုပ်ကြီးတစ်ယောက်က ဘာကိုကိုယ်စားပြုသလဲဆိုတာ မင်းသိလား။ သူက ပထမအဆင့်ခံတပ်တစ်ခုနဲ့ နဝမအဆင့် ဓမ္မအဆောင်တစ်ခုကို ကိုယ်စားပြုတဲ့အပြင် လူသားမျိုးနွယ်အတွက် နယ်မြေအသစ်တွေ ချဲ့ထွင်ရတဲ့ တာဝန်ကို ယူထားရတာ။ ဂုဏ်သိက္ခာအရှိဆုံး တာဝန်ပေါ့ကွာ "

ချန်းယွီထုံမှာ စစ်ပွဲအတွက် ကူညီထောက်ပံ့ပေးရန် မျှော်လင့်ချက်အပြည့် ရှိနေသည့်အလား စိတ်လှုပ်တရှား ဆိုလိုက်၏။

" ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်ချင်ရင် မျိုးစိတ်တစ်ခုလုံးကို သုတ်သင်ရှင်းလင်းနိုင်မှ ရတာ။ သားရဲမှတ်တမ်းတွေထဲမှာရှိတဲ့ ထိပ်ဆုံး မျိုးစိတ်နှစ်ဆယ်ထဲက ဘယ်မျိုးစိတ်ကိုပဲဖြစ်ဖြစ် သုတ်သင်ရှင်းလင်းပြီးတော့ သူတို့ရဲ့ သွေးမျိုးဆက်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်မယ်ဆိုရင် ဗိုလ်ချုပ်ကြီးဆိုတဲ့ ဂုဏ်ကျက်သရေရှိတဲ့ ရာထူးကို ချီးမြှင့်ခံရမှာပဲ "

" ဗိုလ်ချုပ်ကြီးအသစ်တစ်ယောက် ပေါ်လာတိုင်း ပြည်ထောင်စုကြီးက သားရဲကြီးတွေ နေထိုင်တဲ့ တောရိုင်းဒေသကို နယ်ချဲ့စစ်ပွဲတွေ ဆင်နွှဲ‌လေ့ရှိတယ်။ အဲဒီလိုမျိုးနဲ့ သိမ်းပိုက်ရမိတဲ့ နယ်မြေအသစ်တွေမှာ ပထမအဆင့် ခံတပ်အသစ်တစ်ခုကို တည်ဆောက်တာ။ ပြီးရင်တော့ ငါတို့တွေက သားရဲ‌တွေရဲ့ နှလုံးသားထဲကို အကြောက်တရားတွေ ရိုက်သွင်းနိုင်အောင် ထာဝရအချက်ပြမီးခိုးကို ထွန်းညှိကြတာပေါ့ကွာ "

လက်ဖ၀ါးပြင်ထက်က ကမ္ဘာ (သို့)ဖက်တီးလေး နှင့် သူ၏မိတ်ဆွေများ (၀မ်ပေါင်လဲ့) book 1 Where stories live. Discover now