176 - 180

194 19 0
                                    

လက်ဖဝါးပြင်ထက်က ကမ္ဘာ
မူရင်းစာရေးဆရာ - Ergen

အခန်း ( ၁၇၆ )
ဘေးအန္တရာယ်

ဝမ်ပေါင်လဲ့မှာ ၎င်း၏အနားသို့ ချက်ချင်း ရောက်ရှိသွား၏။ ထို့နောက် ထိုသားရဲကြီး၏ သွားကို ဆုပ်ကိုက်ကာ ဆွဲနှုတ်ရန် ပြင်လိုက်စဉ် ထိုသားရဲကြီးက ရုန်းကန်ရင်း ၎င်း၏သွားမှာတစ်ဆင့် လျှပ်စီးတန်းတစ်ခုကို ထုတ်လွှတ်လိုက်၏။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသဖြင့် သူ၏ ခန္ဓာကိုယ်ထဲရှိ ပုံဆောင်ခဲဏ္ဍာန် ဖြစ်နေသော  သူ၏ ဝိညာဉ်ချီများထဲမှ အစိတ်အပိုင်းအချို့ ကွဲထွက်သွား၏။

သို့သော် ထို လျှပ်စီးတန်းကို သူ အနက်ရောင်မျက်နှာဖုံးထဲရှိ မမလေးကြောင့် ခံစားခဲ့ရသော လျှပ်စီးတန်းများနှင့် ယှဉ်လိုက်မည်ဆိုပါက စာမဖွဲ့လောက်ပေ။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်မှာ ရပ်တန့်သွားခြင်းမရှိဘဲ ထိုသားရဲကြီး၏ သွားကို ချက်ချင်းပင် ဆွဲနှုတ်လိုက်၏။

ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ ကျေနပ်နေ၏။ သူသည် စစ်မြေပြင်ကြီးကို အကဲခတ်ကြည့်လိုက်သောအခါ သားရဲအုပ်ကြီး၏ တစ်ဝက်ကျော်မှာ သေဆုံးသွားကြပြီဖြစ်ပြီး သားရဲအများစုမှာ စတင် ထွက်ပြေးနေကြပြီဖြစ်သည်။ ထို့ကြောင့် သားရဲလှိုင်းကြီးမှာ အဆုံးသတ်တော့မည်ဟု သတ်မှတ်နိုင်၏။ သို့သော် ထိုအချိန်တွင် ငလျင်များ ဆက်တိုက် လှုပ်သွားပြီး ခပ်လှမ်းလှမ်းရှိ ကောင်းကင်ယံ၌ ပထမအကြိမ်တုန်းကထက် ဆယ်ဆပိုကြီးကာ ကောင်းကင်ယံကိုပင် ထက်ခြမ်းခွဲပစ်နိုင်စွမ်းရှိသော လေဆင်နှာမောင်းကြီးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာ၏။

ထို လေဆင်နှာမောင်းကြီးထဲတွင် ဖုန်မှုန့်များနှင့် မြေကြီးများအပြင် ကောင်းကင်ယံထဲရှိ သားရဲအုပ်များလည်း ပါနေ၏။ ၎င်းတို့မှာ ကမ္ဘာမြေကြီးနှင့် မိုးကောင်းကင်ကြီးတို့ကို လွှမ်းခြုံထားသကဲ့သို့ပင်။ ထို လေဆင်နှာမောင်းကြီး အနီးသို့ အလျင်အမြန် ရောက်ရှိလာသောအခါ တုန်ရီမှုများမှာလည်း ပို၍ အားကောင်းလာ၏။ ထို့ကြောင့် စစ်သည်တော်များနှင့် ကျင့်ကြံသူများမှာ မတုန်လှုပ်ဘဲ မနေနိုင်ကြတော့ပေ။ သူတို့မှာ ဆွံ့အမှင်တက်ကာ မတ်တတ်ရပ်၍ ငေးကြည့်နေကြစဉ် ခံတပ်ထဲမှ ပထမ သတိပေးဝီစီသံထက် ပို၍ ကျယ်လောင်စူးရှသော ဝီစီသံတစ်သံ ထပ်၍ ပေါ်ထွက်လာ၏။

လက်ဖ၀ါးပြင်ထက်က ကမ္ဘာ (သို့)ဖက်တီးလေး နှင့် သူ၏မိတ်ဆွေများ (၀မ်ပေါင်လဲ့) book 1 Donde viven las historias. Descúbrelo ahora