လက်ဖဝါးပြင်ထက်က ကမ္ဘာ
မူရင်းစာရေးဆရာ - Ergenအပိုင်း ( ၁ )
ဝိတ်ချ ချင်တယ်အရှေ့ပြည်နယ်၊ ပူပြင်းလွန်းလှသော နွေရာသီနေ့တစ်နေ့၊ မိုးသစ်တောထဲတွင် ဖြူလွလွ ဇာပဝါ တစ်ထည် လွှမ်းခြုံထားသည့်အလား မြူခိုးများ ရစ်သိုင်းလျက်ရှိနေသည်။ မိုးထိအောင်မြင့်မားလု မတတ် သစ်ပင်အိုကြီးများသည် တစ်ပင်နှင့်တစ်ပင် နွယ်ယှက်နေကြပြီး ငှက်ကလေးများက ထိုအပင်အိုကြီးများပေါ်တွင် ဟိုမှသည် လူးလာပျံသန်းနေကြ၏။ တချို့ငှက်ကလေးများမှာ အတောင်ပံများကို တဖျပ်ဖျပ်ခတ်ကာ အစာရှာထွက်ရန် မိုးကုတ်စက်ဝိုင်းဆီသို့ ပျံသန်းသွားလေသည်။
ကောင်းကင်ဝေဟင်ပြင်၌ ထာဝရတည်ရှိနေခဲ့ဟန်တူသော နေမင်းကြီးက လူသားများ မှတ်မိသိရှိနေခဲ့သည့် အသွင်သဏ္ဍာန် မဟုတ်တော့ပေ။ ထိုအစား လွန်ခဲ့သောနှစ်ပေါင်းများစွာအကြာက ကြေးညိုရောင် ရှေးဟောင်း ဓားကြီးတစ်လက်က နေမင်းကြီးကို ထိုးဖောက်သွားခဲ့ပြီး ထိုဓားကြီး၏ထိပ်ဖျားပိုင်းလေးသာ မြင်ခဲ့ရ၏။
စကြဝဋ္ဌာကြီးဆီမှ ရောက်ရှိလာခဲ့သော ထိုရှေးဟောင်းဓားကြီးသည် နှစ်ပရိစ္ဆေဒ ကြာမြင့်နေခဲ့သောကြောင့်ထင် ရှေးဟောင်းအငွေ့အသက်များ ထွက်ပေါ်နေခဲ့၏။ ထိုဓားကြီးသည် ကောင်း ကင်တစ်ခွင် ဖုံးလွှမ်းလျက် ရောင်ခြည်စက်ဝန်းပမာ ပြင်းထန်သောဖိအားများကို ထုတ်လွှတ်နေခဲ့ရာ မြေပြင်ကို အစိုးရသည့်အလား ကမ္ဘာမြေပြင်ထက်ရှိသက်ရှိအားလုံး၏လေးစားသက်ဝင်ခြင်း ခံခဲ့ရလေသည်။
အတန်ငယ်ဝေးသောနေရာမှကြည့်လျှင် မိုးသစ်တောနှင့်နေမင်းကြီးက ရင်သပ်ရှုမောဖွယ် ကောင်းသော ဆိတ်ငြိမ်ပန်းချီကားတစ်ချပ်အလား ဖြစ်နေသည်။ သို့သော် အဝေးတစ်နေရာမှ ထွက်ပေါ်လာသော အသံဗလံများကြောင့် ထိုအေးချမ်းသောမြင်ကွင်းလေးက ပျက်စီးသွားခဲ့ရသည်။ မိုးသစ်တောဆီသို့ နီရဲနေသော မီးပုံးပျံတစ်လုံးက ဖြည်းညင်းစွာ ပျံသန်းလာနေခြင်း ဖြစ်သည်။
မီးပုံးပျံကြီး၏ကိုယ်ထည်က လွန်စွာကြီးမားလှပြီး လူရာကျော်ဆန့်လေသည်။ ထိုနေရာတွင် လူငယ်များနှင့် မိန်းမပျိုများက သုံးယောက် သို့မဟုတ် လေးယောက်တစ်အုပ်စု ဖွဲ့လျက် ပျော်ရွှင်စွာ စကားစမြည် ပြောဆိုနေကြ၏။
VOUS LISEZ
လက်ဖ၀ါးပြင်ထက်က ကမ္ဘာ (သို့)ဖက်တီးလေး နှင့် သူ၏မိတ်ဆွေများ (၀မ်ပေါင်လဲ့) book 1
Aventureသက္ကရာဇ် ( ၃၀၂၉ ) ခုနစ်တွင် ကမ္ဘာကြီး၏နည်း ပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ နယ်နိမိတ်ကန့်သတ်ချက်များလည်း မရှိတော့ဘဲ ပြည်နယ်များအားလုံး စုစည်းလာရာ ပြည်ထောင်စု ခေတ်သစ် စတင်လာလေသည်။ ထိုအချိန်တွင် မိုးကောင်းကင်အလွန်မှ ဓားကြီးတစ် စင်း ပျံသန်...