506 - 510

162 17 0
                                    

လက်ဖဝါးပြင်ထက်က ကမ္ဘာ
မူရင်းစာရေးဆရာ - Ergen

အခန်း (၅၀၆) - အဆုံးမဲ့မျိုးနွယ်စု၏ အရိပ်အယောင်များ

" အဆင့်မရှိတဲ့ အစေခံတစ်ယောက် ဟုတ်လား " ဝမ်ပေါင်လဲ့မှာ ကြက်သေသေသွားပြီး သူ၏ရှေ့တွင် ရှိနေသော ရုပ်အလောင်းကြီးကို စိုက်ကြည့်နေမိတော့သည်။ သူသည် ထိုရုပ်အလောင်းကြီးဆီမှ အမြုတေအဆင့် ဝိညာဉ်စွမ်းအင် အငွေ့အသက်များ ထွက်ပေါ်နေသည်ကို အာရုံခံမိနေသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် အနည်းငယ်ခန့် ဇဝေဇဝါ ဖြစ်သွားရတော့သည်။

" ဟုတ်တယ်။ ကျယ်ပြန့်တာအိုနန်းတော်ရဲ့ အပြင်အဆင်အရဆိုရင် ဒီနေရာက အစေခံတွေအတွက် ထားထားတဲ့ အပြင်ပိုင်းနေရာပဲ။ အများစုက အမြုတေအဆင့်မှာပဲ ရှိကြတာ။ သူတို့ထဲက တချို့ကတော့ တိုးတက်လာနိုင်တဲ့ အလားအလားတွေရှိပေမယ့် အများစုကတော့ အဆင့်နိမ့် အစေခံတွေပဲ " မမလေးမှာ အကျဉ်းချုပ် ရှင်းပြလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား မျက်နှာဖုံးအပိုင်းအစကို ဆက်၍ရှာဖွေရန် တိုက်တွန်းလိုက်၏။

ထိုအခါ ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်း ရှူမိသွား၏။ သူသည် သံသယများ ဝင်လာရပြီဖြစ်သည်။ မမလေးမှာ ဝမ်ပေါင်လဲ့၏ အတွေးများကို ရိပ်မိသွားဟန်ရှိသောကြောင့် အနည်းငယ်ခန့် မရွှင်မပျဖြစ်သွားပြီး နှာမှုတ်လိုက်၏။

" ဘာလဲ။ နင်က ငါ့ကို မယုံဘူးလား။ ငါက အမှောင်အဆောင်ပစ္စည်းနဲ့တုန်းကပဲ အမှားသေးသေးလေးတစ်ခု မတော်တဆ လုပ်မိတာပါ။ အရင်တုန်းက ငါ့ဆီမှာ အဲဒီအဆောင်ပစ္စည်းနဲ့ တစ်ပုံစံတည်းတူတဲ့ အမှောင်အဆောင်ပစ္စည်းတစ်ခု ရှိတာမလို့ အတူတူပဲလို့ ငါက ထင်လိုက်တာ။ အဲ့တာမလို့ ငါ့ပစ္စည်းဆိုပြီး အထင်လွဲသွားတာ ငါ့အပြစ်လား။ အဲဒီအမှားက လုံးဝ ခွင့်မလွှတ်နိုင်လောက်အောင်  ဆိုးရွားနေလို့လား "

" ဟွန်း။ ဒီနေရာက အဆင့်နိမ့်‌အစေခံတွေရဲ့နေရာလို့ ငါကပြောရင် လက်ခံလိုက်ပေါ့။ အမှန်အတိုင်း ပြောရမယ်ဆိုရင် ဒီ မီးပင်လယ်ကြီးပေါ်က ကျယ်ပြန့်တာအိုနန်းတော်ရဲ့ ပင်မကျွန်းလို့ နင်တို့ခေါ်နေတဲ့ ကျွန်းကြီးက အပြင်ပိုင်းဒေသတွေထဲမှာရှိတဲ့ တောင်တန်းတွေပေါ်မှာ တည်ဆောက်ထားတဲ့ အပြင်စည်းဂိုဏ်းတစ်ခုသာသာအဆင့်ပဲ ရှိတာ "

လက်ဖ၀ါးပြင်ထက်က ကမ္ဘာ (သို့)ဖက်တီးလေး နှင့် သူ၏မိတ်ဆွေများ (၀မ်ပေါင်လဲ့) book 1 Where stories live. Discover now