လက်ဖဝါးပြင်ထက်က ကမ္ဘာ
မူရင်းစာရေးဆရာ - Ergenအခန်း ( ၃၂၆ )
ဗဟုသုတများခြင်း၏ အကျိုးကျေးဇူးဝမ်ပေါင်လဲ့မှာ ချောင်းဟန့်လိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ဘေးဘီဝဲယာအား လှည့်ပတ်ကြည့်ရှုလိုက်၏။ သူသည် စကားပြောရန်ပြင်လိုက်ပါသော်လည်း မြည်းလေးမှာ ပရိဘောဂများကို လျှာဖြင့်လျှက်ထားသောကြောင့် ၎င်းတို့မှာ စိုရွှဲနေပြီဖြစ်ကြောင်း သိလိုက်ရ၏။ ၎င်း၏ တံတွေးများမှာလည်း ကြမ်းပြင်ပေါ်တွင် အိုင်နေပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ပျက်သွားရတော့သည်။
ကျင့်သိုမင် လှေကားပေါ်မှ ဆင်းလာချိန်တွင် ဝမ်ပေါင်လဲ့မှာမှာ ကျင့်သိုမင် သတိမထားမိသည့် အချိန်ကိုစောင့်၍ မြည်းလေးအား ကန်ကျောက်လိုက်၏။ ထို့နောက် သူသည် ခေါင်းမော့ကာ ကျင့်သိုမင်အား ကြည့်လိုက်ပြီး ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ်တယ်။ နည်းနည်းလေးတော့ စုတ်နေသေးတယ် "
ဝမ်ပေါင်လဲ့က သူ၏စကားကို ထောက်ခံလိုက်သည်။ သူ၏ ကန်ကျောက်ခြင်းကို ခံလိုက်ရသော မြည်းလေးမှာမူ ချက်ချင်းပင် နားရွက်ထောင်လာပြီး ဝမ်ပေါင်လဲ့အား အပြစ်ကင်းသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်တော့သည်။ ထို့နောက် ၎င်းမှာ ၎င်း၏ မျက်လုံးများကို မထိန်းနိုင်တော့ဘဲ ဘေးဘက်ရှိ စားပွဲခုံအား လှမ်းကြည့်မိလိုက်၏။မြည်းလေး၏ အမူအရာကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာမှာ ၎င်း၏ ထုံထိုင်းမှုကြောင့် ဆွံ့အသွားရတော့သည်။ အကယ်၍ အနာဂတ်တွင် သူသည် ၎င်းအား လူအများ၏ရှေ့သို့ ခေါ်သွားရမည်ဆိုပါက အရှက်တကွဲ အကျိုးနည်းဖြစ်ရမည်မှာ မလွဲဧကန်ပင်။ သို့သော် ကျင့်သိုမင်မှာ ၎င်းအား ဝယ်ယူရန် တွေးတောနေခြင်းဖြစ်ကြောင်း ပြန်၍သတိရသွားသောအခါ သူသည် စိတ်အေးသွားရ၏။ ထို့ကြောင့် သူသည် ကျင့်သိုမင်ဘက်သို့လှည့်ကာ ပို၍ပင် ရွှင်ပျစွာ ပြုံးပြလိုက်တော့သည်။
ထိုအချိန်တွင် ကျင့်သိုမင်မှာ ဝမ်ပေါင်လဲ့၏ အနားသို့ ရောက်လာပြီး သူ၏စကားကို ကြားလိုက်ရသဖြင့် မျက်ခုံးပင့်မိသွား၏။ သူသည် လောကွတ်စကား ပြောနေခြင်းသာဖြစ်သည်။ အမှန်တွင် သူသည် ဤစံအိမ်ထဲရှိ အရာတိုင်းကို သူကိုယ်တိုင် လူပင်ပန်း စိတ်ပင်ပန်းခံ၍ တပ်ဆင်ထားခဲ့ရခြင်း ဖြစ်သည်။ ၎င်းတို့အားလုံးကို ဒီဇိုင်းရေးဆွဲရသည်မှာ အလွန်အင်မတန်မှ ငွေကုန်ကြေးကျများခဲ့၏။ ထိုဆိုဖာဆိုလျှင် သူ အနှစ်သက်ဆုံး ပရိဘောဂဖြစ်သည်။
BẠN ĐANG ĐỌC
လက်ဖ၀ါးပြင်ထက်က ကမ္ဘာ (သို့)ဖက်တီးလေး နှင့် သူ၏မိတ်ဆွေများ (၀မ်ပေါင်လဲ့) book 1
Phiêu lưuသက္ကရာဇ် ( ၃၀၂၉ ) ခုနစ်တွင် ကမ္ဘာကြီး၏နည်း ပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ နယ်နိမိတ်ကန့်သတ်ချက်များလည်း မရှိတော့ဘဲ ပြည်နယ်များအားလုံး စုစည်းလာရာ ပြည်ထောင်စု ခေတ်သစ် စတင်လာလေသည်။ ထိုအချိန်တွင် မိုးကောင်းကင်အလွန်မှ ဓားကြီးတစ် စင်း ပျံသန်...