361 - 365

184 19 0
                                    

လက်ဖဝါးပြင်ထက်က ကမ္ဘာ
မူရင်းစာရေးဆရာ - Ergen

အခန်း (၃၆၁) - သေရာပါမည့် အငြိုး

မြည်းလေးမှာ ယခင်အကြိမ်တုန်းကထက် ပို၍ လိမ္မာပါးနပ်နေပြီဖြစ်သည်။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ ထပ်ခါတလဲလဲ ရိုက်နှက်ကန်ကျောက်မှုများနှင့် ဆူပူကြိမ်းမောင်းမှုများကြောင့် ဤကမ္ဘာကြီးထဲတွင်ရှိသော ရက်စက်ကြမ်းကြုတ်မှုများကို နားလည်သွားသည်ပုံပင်။ ထို့ကြောင့် ၎င်းမှာ သူ၏ ရိုး,အမှုများကို ပဖျောက်ကာ ဉာဏ်နီဉာဏ်နက်များ ထုတ်သုံးတတ်အောင် ကြိုးစားရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

ထို့ကြောင့် ၎င်းမှာ ပုန်းကွယ်သည့် အတတ်ပညာများ၊ အခြားသူများအား ချောင်းမြောင်းသည့် အတတ်ပညာများ၊ စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းကာ ချုံခိုတိုက်ခိုက်သည့် အတတ်ပညာများအား လေ့လာခဲ့၏...

ယခုတွင် သူသည် ထိုအတတ်ပညာများကို ထုတ်သုံးနေပြီဖြစ်သည်။ မြည်းလေးမှာ သူ၏ အစာပေါ်ပေါက်လာသည်ကို မြင်လိုက်ရသောအခါ အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားပြီး အသားများ တုန်ရီလာတော့သည်။ သို့သော် ၎င်းမှာ သူ၏အစာအား ခြောက်လှန့်ပစ်သလို ဖြစ်သွားမည်ကို စိုးရိမ်နေ၏။ ထို့ကြောင့်လည်း ၎င်းမှာ မမြင်ကွယ်ရာ၌ ပုန်းကွယ်ကာ ခြေရာလက်ရာများကို ဖျောက်ဖျက်ခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ထာဝရခံတပ်ကြီး၏ အပြင်ဘက်သို့ ပြေးထွက်သွားလိုက်ပြီးနောက် သူ၏အစာမှာ ဝမ်ပေါင်လဲ့ဆီသို့ ရောက်လာလိမ့်မည်ဖြစ်ကြောင်း ကြိုတင်မှန်းဆခဲ့၏။ ထိုကြောင့်လည်း ၎င်းမှာ စိတ်ရှည်ရှည်ထား၍ ထောင့်တစ်ခုတွင် တိတ်ဆိတ်ငြိမ်သက်စွာ ပုန်းကွယ်နေခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ မျက်တောင်ပင် မခပ်ရဲခဲ့ပေ။

ကြိုးစားအားထုတ်သူများကို ကောင်းကင်ဘုံကြီးက ဆုချီးမြင့်သည်မှာ အမှန်တကယ်ပင်ဖြစ်သည်။ ၎င်းမှာ အချိန်အနည်းငယ်ခန့် စောင့်ဆိုင်းလိုက်ပြီးနောက် သူ၏အစာ ရောက်ရှိလာသည်ကို မြင်လိုက်ရတော့သည်။ ထို့နောက် ဝမ်ပေါင်လဲ့တစ်ယောက် တစ်ခုခုလွဲနေပြီဖြစ်ကြောင်း သတိထားမိသွားပြီး ထိုကောင်လေး သူ၏ ခန္ဓာကိုယ်အား ဖြတ်သန်းမသွားနိုင်ခင်မှာပင် မြည်းလေးမှာ စိတ်လှုပ်တရှား အော်ဟစ်မြည်တမ်းကာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားလိုက်တော့သည်။

လက်ဖ၀ါးပြင်ထက်က ကမ္ဘာ (သို့)ဖက်တီးလေး နှင့် သူ၏မိတ်ဆွေများ (၀မ်ပေါင်လဲ့) book 1 Opowieści tętniące życiem. Odkryj je teraz