Part2(Unicode)

11.4K 885 66
                                    

"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းနံပါတ်မှာ..."

"ကျစ်!..."

နေးလ် ကျစ်ကနဲစုတ်သပ်ရင်းဖြင့် ဖုန်းကိုပြန်ချလိုက်တော့ မြတ်သူက လှမ်းကြည့်လာ၏။

"ဒီည သူ့schedule ဘာရှိလို့လဲ..."

ဘယ်သူ့ကိုရည်ရွယ်သလဲ သိနေတာမို့ မြတ်သူ ipadအားတချက်ထောက်ကြည့်ပြီးမှ....

"ဒီည ဘာမှတော့မရှိဘူး၊ပန်းမိုးမေတ္တာရိုက်ကူးရေးက မနေ့ကနောက်ဆုံးနေ့ဆိုတော့ အဖွဲ့ပါတီများရှိလားပဲ..."

ပြောမဲ့ပြောတာ အဲ့လိုအလုပ်ပါတီတွေဆို မီခါတို့ဘယ်တုန်းကများ ပတ်စာခွာဖျာသိမ်းနေဖူးလို့လဲ။မျက်နှာပြ ဟန်ပြထိုင်ပြီးတာနှင့် ပြန်တတ်တာချည်းပဲ။ဖုန်းပိတ်ထားစရာ အကြောင်းလည်း မရှိပဲနှင့်။

စိတ်အလိုမကျစွာတွေးမိရင်း သူ့မျက်ခုံးတို့တွန့်ကွေးသွားရသည်။သူ နိုင်ငံခြားမှာရှိနေသည့် အတော်အ‌တွင်းမှာလည်း မီခါ့ဆီမှ ဆက်သွယ်မှုတစ်စုံတစ်ရာမရှိခဲ့ချေ။မနေ့ညကတည်းက သူပြန်ရောက်နေတာကို မီခါတို့အခုထိ အရိပ်အယောင်တောင် မမြင်ရသေး‌ချေ။

!ဘာတွေများ လုပ်နေပါလိမ့်...!

"7နာရီခွဲ meetingစမှာနော် ကိုနေးလ်"

သူမျက်ခုံးတွန့်၍ မီခါ့အကြောင်းတွေးနေမိဆဲ မြတ်သူကပြော၍လာသည်။scheduleကို ကြည့်လိုက်တော့ online meeting တစ်ခု နောက်ဆုံးjoinပြီးတာနှင့် ဒီည သူအားလပ်ချိန်ရပြီဖြစ်၏။

"အင်း! အဲ့ဒါဆို ဂျပန်တွေနဲ့ တွေ့ဖို့ကိုရှေ့တိုးလိုက်! ဆိုဒ်ထဲသွားဖို့က‌ ဦးမင်းအောင်နဲ့ပဲ လွှတ်လိုက်တော့..."

သူပြောတော့ မြတ်သူက တချက်မော့ကြည့်လာပြီးမှ...

"တစ်ခုခု မစားတော့ဘူးလား ကိုနေးလ် နေ့လည်စာလည်းမစားထားဘူး..."

"တော်ပြီ မစားတော့ဘူး meetingပြီးမှပဲ Villaတန်းပြန်လိုက်တော့မယ်..."

ပြောရင်းဖြင့် နေးလ်က လက်မှနာရီအား တချက်ကြည့်လိုက်ပြီးမှ...

"meetingအတွက် ပြင်ပေးပြီးရင် မင်း စောစောပြန်လိုက်တော့လေ..."

စောစောပြန်ဆိုသည့်အချိန်က ဘယ်လိုဖြစ်ဖြစ် ည၇နာရီကျော်ပြီဖြစ်သည်။၊ဟိုတုန်းကဆို မြတ်သူအတွက် အလုပ်ဆင်းချိန်ဆိုတာ ဘာမှန်းတောင်မသိ။အခုတော့ မြတ်သူသည်လည်း ကိုယ်ပိုင်မိသားစုနှင့်ဖြစ်လာပြီမို့ နေးလ်က တဖန်ပြန်၍ နားလည်မှုလေးပြန်ပေးခြင်းဖြစ်လေသည်။

My Black LiarWhere stories live. Discover now