အလုံပိတ်ကားထဲမှာ ဆေးလိပ်ငွေ့တို့ လုံးတတ်လာတာမို့ မီခါက မှန်ကိုချလိုက်ပြီးမှ ထိုင်ခုံပေါ်သို့ပြန်၍ ကျောမှီချလေသည်။ခြေထောက်နားသို့ ပြုတ်ကျနေပါသော ရှပ်အင်္ကျီအား ကောက်ယူဝတ်ဆင်ရင်းဖြင့် ပါးစပ်နားမှာစေးကပ်ကပ်ဖြစ်နေခြင်းအား ဘဝင်မကျနိုင်ဖြစ်နေရသည်။လည်ချောင်းတစ်လျှောက် ဆန်တတ်လာတဲ့ညှိစို့စို့အနံ့က တကယ်ကိုပဲ အခုထိသူ့ကို မသိုးမသန့်ဖြစ်စေဖို့ ဒုက္ခပေးနေတုန်းပင်။မီခါက တကယ်ကိုပဲ သူ့ပါးစပ်ထဲမှာ ပြီးဆုံးလိုက်သည်။အိပ်ရာပေါ်က ကိစ္စတွေမှာ သူမကြိုက်ဆုံးကိစ္စဟာ oral sexပဲဖြစ်သည်။သူ့ကိုလာလုပ်ပေးတာလည်းမကြိုက်သလို သူများကိုလည်းလုပ်မပေးနိုင်ချေ။မီခါနှင့်ပတ်သတ်ခဲ့သည့်တစ်လျှောက်လုံးလည်း ဒီလိုကိစ္စမျိုးမရှိခဲ့ဖူးချေ။
ပြောရမည်ဆိုလျှင်တော့ သူ့အရှိန်အဝါကြောင့် မီခါဟာသူ့ကို အိပ်ရာပေါ်ကကိစ္စမှာတောင် အနည်းငယ်ရှိန်လေသည်။ဒီလိုကြမ်းတမ်းပြီး အရိုင်းဆန်သော အပြုအမူမျိုးဟာ တစ်ခါမှပင်မရှိခဲ့ချေ။အစဉ်အဖြင့် သူ့၏ဆန္ဒ သူ့၏သာယာမှုကိုသာ ရှေ့တန်းတင်ခဲ့တာမျိုး။ဒီနေ့လိုမျိုး တဇွတ်ထိုးဆန်ဆန် ကြမ်းတမ်းနေတာကတော့ ဒါပထမဆုံးပဲဖြစ်သည်။နေးလ် wet tissueများအား ဆွဲယူ၍ နှုတ်ခမ်းနားတစ်ဝိုက် ပြောင်စင်အောင်ပွတ်သုတ်လိုက်ပြီးမှ...
"မလုပ်ပါနဲ့ဆို အတင်းပဲ!..."
"....."
မျက်ခုံးတွန့်၍ မကြိုက်ကြောင်းပြကာ ပြောမိတော့ မီခါ့ထံမှ ရီဝေစင်းကျနေပါသော မျက်ဝန်းတို့ရွေ့လာလေသည်။နှုတ်ခမ်းဖျား၌တေ့ထားသော အဖြူရောင်အလိပ်သေးသေးလေးက တချက်ကြည့်လိုက်ယုံဖြင့် မီခါတစ်ယောက် တားမြစ်ဆေးဝါးတွေ သုံးစွဲနေတာသိသာလှသည်။ဆေးကွဲနေတာမို့ ဒီလိုအကြမ်းပတမ်းဆက်ဆံတာလားဟု တွေးမိပြီးမှ နေးလ် လေသံအားပြန်လျှော့လိုက်ပြီး
"ကိုယ်ပင်ပန်းလာတာ စိတ်မပါဘူးလို့ပြောနေတာ မင်းနားလည်ရမယ်လေ၊ပြီးတော့ အဲ့လိုအတင်းအကျပ်လုပ်တာမျိုး ကိုယ်မကြိုက်ဘူး..."
သူပြောတော့ မီခါနှုတ်ခမ်းထက်၌ အပြုံးလွန့်လွန့်တို့ ဖြစ်ထွန်းသွားလေသည်။ပြီးတော့ ဆေးလိပ်ငွေ့တို့အား သူ့မျက်နှာဆီသို့ မှုတ်ထုတ်လိုက်ပြီးမှ...