သန်လျင်ခြံသွားဖို့ ကားစထွက်သည့်အချိန်က နေ့လည်ထမင်းစားချိန် နီးနေပြီဖြစ်သည်။သန်လျင်ခြံရောက်ခါမှပဲ မီခါနှင့်အတူ နေ့လည်စာစားတော့မည်ဟု စိတ်ကူးလိုက်သည်။မီခါကြိုက်တတ်သည့် နေ့လည်စာကို မြတ်သူအား သေချာစီစဥ်ခိုင်းလိုက်ပြီးမှ သူထွက်ခဲ့လိုက်တော့သည်။ကြားရက်ကြီးမို့ လမ်းပေါိ၌ ကားအတော်အတန်ရှင်းနေကာ သန်လျင်ခြံသို့ ခန့်မှန်းအချိန်ထက်ကို စောပြီးရောက်သွားတော့သည်။ခြံထဲသို့ကားကွေ့ဝင်လိုက်တော့ ခြံထဲ၌ ရှုတင်ပစ္စည်းများအား သိမ်းဆည်းနေကြပါသော အလုပ်သမားတချို့အားတွေ့လိုက်ရသည်။
!ရှုတင်က ပြီးပြီလား...!
နေးလ်တွေးရင်းဖြင့် ကားစက်အားအသာအယာရပ်လိုက်သည်။ရှုတင်သာပြီးပြီဆို မီခါအိမ်ပြန်လာမှာပေါ့။သူ့မန်နေဂျာဆီကလည်း မီခါ သန်လျင်ခြံထဲမှာပဲဟု သတင်းရထားပြီးသားဖြစ်သည်။သို့ပေမဲ့ အခုပစ္စည်းတွေသိမ်းနေတာကို ကြည့်ရပုံထောက်တော့ ရှုတင်ကတကယ်ပဲပြီးသွားပြီထင်သည်။နေးလ် ကားအားသေချာပါကင်ထိုးလိုက်ပြီးမှ ဘန်ဂလိုပုံစံဒီဇိုင်းထွင်ဆောက်ထားသော ရှုတင်အိမ်လေးထဲသို့ဝင်ခဲ့လိုက်သည်။ဒီအိမ်လေးက သူတို့ကုမ္ပဏီလက်အောက်ရှိ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့၏ ရှုတင်အိမ်ဖြစ်သည်။ချောင်းလေးနံဘေးရှိ ကုန်းမြင့်မြင့်လေးပေါ်မှာ အနောက်တိုင်းဆန်ဆန် ဘန်ဂလိုပုံစံလေးဆောက်ထားသည်။ပြီးတော့ ခြံထဲမှာလည်းမြက်ခင်းစိမ်းစိမ်းလေးတွေ အုတ်စီထားသော လျှောက်လမ်းလေးတွေဖြင့် အိမ်လေးက အနားယူအပန်းဖြေဖို့ကောင်းသည့်ပုံစံဖြစ်၏။
နေးလ်အိမ်ထဲသို့လှမ်းဝင်လိုက်တာနှင့် မီခါ့၏မန်နေဂျာက အပြေးရောက်လို့လာသည်။နေးလ်ရောက်လာမှာကို မြတ်သုဆီမှ ကြိုတင်သတင်းရရှိထားသလိုမျိုး။
"မှိုင်းဇနရော..."
"အထဲမှာ အိပ်ပျော်နေပါတယ် သူဌေး!..."
"ရှုတင်က ပြီးပြီလား..."
"ဟုတ်ကဲ့ မနက် ၂နာရီကမှပြီးတာပါ အဲ့ဒါ မင်းသားက ဒီမှာပဲ ခဏနားချင်တယ်ဆိုလို့..."
မီခါမပြန်ဖြစ်သေးသည့်အကြောင်းကို သေချာရှင်းပြသည်။ဂျာကြီး၏စကားတို့အား နေးလ် အသိအမှတ်ပြုသလို ခေါင်းညိတ်ပြပြီးတော့မှ...
YOU ARE READING
My Black Liar
Художественная прозаနှလုံးသားကို လိမ်ညာယူတဲ့ အဆိုးလေးရဲ့အကြောင်း....