"ပါရီမှာ ဒိတ်လုပ်နေတဲ့ မီခါ..."
မိနစ်ပိုင်းအတွင်းမှာပဲ ဆိုရှယ်မီယာတစ်ခွင် shareပေါင်းမြောက်မြားစွာဖြင့် ပလူပျံသွားသည့် သတင်းတစ်ပုဒ်။မီဒီယာတို့၏ ထုံးစံအတိုင်း သတင်းခေါင်းစဥ်က သို့လောသို့လောဖြင့် လူစိတ်ဝင်စားအောင် ဖန်တီးထားတာမို့ commentတွေ shareတွေဖြင့် ဆိုရှယ်မီဒီယာတစ်ခွင်မှာ သတင်းကြီးနေတော့သည်။
"Love lockတံတားပေါ်မှာ ဒိတ်လုပ်နေတာလား..."
"မီခါ့၏ ပါရီခရီးစဥ်နှင့် ဒိတ်တင်းနယူး..."
လူစိတ်ဝင်စားစရာ ခေါင်းစဥ်ပေါင်းမြောက်မြားစွာနှင့် မီဒီယာများစွာက သတင်းအားခရက်ဒစ်ပေးကာ စက္ကန့်ပိုင်းအတွင်း ကူးယူဝေမျှကြသည်။ပထမဦးဆုံး သတင််းစထွက်လာသည့် ရင်းမြစ်မီဒီယာက ဆယ်လီများ အနုပညာရှင်များ၏ အတွင်းသတင်းတချို့ကို ဘက်မလိုက်ပဲပေါ်ပေါ်ထင်ထင် ဖော်ထုတ်တတ်သည့် Revealဆိုသည့်မီဒီယာမှဖြစ်သည်။ပြီးတော့ သူတို့ဖော်လိုက်သည့် ဒိတ်တင်းနယူးတိုင်းဟာလည်း ၉၀ရာခိုင်နှုန်းမှန်ကန်တတ်သည်။၁၀ရာခိုင်နှုန်းကတော့ အင်အားသုံး၍ဖိဖျောက်လိုက်တာမျိုး။စာနယ်ဇင်းလောကမှာတော့ ထိုမီဒီယာသည် မပိုင်လျှင်ခြင်ထောင်မရိုက်ဟု နာမည်ကြီးသည်။
ယခုတင်ထားသည့် ပုံရိပ်တွေဟာလည်း ခပ်ဝါးဝါးဆိုပေမဲ့ မီခါဆိုတာကတော့ သိသာနေပြီဖြစ်သည်။နေးလ်၏ပုံရိပ်သည်လည်း ဝါးနေတာမို့ မသိသာသော်ငြား ရင်းနှီးသူများကတော့ နေးလ်ပဲဆိုတာသိနိုင်ပါသည်။
cmt 1။ ။ ယောက်ျားလေးချင်း ဒိတ်စရာလား လလေးလုံးတွေပြောနေတယ် $reveal"
cmt 2။ ။ လလေးလုံတွေ ပြောနေပြီ ဒီအကုသိုလ်pageကတော့
cmt 3။ ။ ခွေးစကားတွေပြော...
cmt 4။ ။ ယောက်ျားလေးချင်းဒိတ်တာဆိုတော့ နင်တို့ကောင်က gayနေတာပေါ့ ခေလ့် ခေလ့်
cmt 5။ ။ ပါရီမှာ ခိုးgayနေတဲ့ကောင်လေး ခေ့လ် ခေ့လ်...
cmt 6။ ။ နင်တို့နဲ့လည်းမဆိုင်ဘူးနော် ဘယ်အတန်းကဟာတွေကလာဟောင်နေတာလဲ..."
cmt 7။ ။ အခြောက်စတန်းလေးတွေ...
cmt 8။ ။ အခုခေတ်မင်းသားတွေလည်း အခြောက်တွေချည်းပဲလား လောကကြီးလည်းစိတ်ကုန်စရာ