"တီ! တီ! တီ!"
ငြိမ်သက်နေသောအခန်းလေးထဲ ဖုန်းသံကဆက်တိုက်မြည်နေသည်။နေးလ် အိပ်ပျော်နေရာမှလူးလွန့်လာတော့ မီခါက နေးလ်၏ကိုယ်လေးအား ပို၍တင်းအောင်ဆွဲဖက်ထားလိုက်ပြီးမှ...
"မကိုင်နဲ့! ထပ်အိပ်လိုက်ဦး!"
မျက်ဝန်းတို့အားမှေးမှိတ်ထားရင်းဖြင့် အိပ်ချင်မပြေသေးပုံဖြင့်ပြောလာသည်။နေးလ် မီခါ၏ရင်ဘတ်အားပြန်တွန်းထားလိုက်ပြီးမှ ပွေ့ဖက်ထားမှုအားဖယ်ခွာ၍...
"အရေးကြီးဖုန်းဖြစ်နေလိမ့်မယ်...."
ထိုအခါမှပဲမီခါက အသာအယာဖြေလွတ်ပေးသည်။တွက်ဆထားသည့်အတိုင်း ဖုန်းကိုမရမကခေါ်နေခဲ့တာက မြတ်သူဖြစ်နေခဲ့သည်။တော်ယုံအရေးကြီးကိစ္စလောက်နှင့်တော့ မြတ်သူက ဒီလိုမျိုးအနှောင့်အယှက်ပြုမှာမဟုတ်။ဒီလိုမရမကခေါ်နေခြင်းဟာ တကယ်ကိုအရေးကြီးကိစ္စရှိလို့သာဖြစ်ရပေမည်။သူ အချိန်မဆွဲပဲ ဖုန်းအားဖွင့်ကိုင်လိုက်ရသည်။
"ဟယ်လို!...."
"ကိုနေးလ်!...."
မြတ်သူ၏အလောတကြီးဖြစ်နေသောအသံကြောင့် သူသတိကပ်သွားရတော့သည်။ဖုန်းမှတဆင့် မြတ်သူပြောပြနေသော သတင်းစကားတို့အားနားထောင်နေရင်းဖြင့် သူ့တစ်ကိုယ်လုံးတောင့်တင်းအေးစက်သွားရတော့သည်။မာမီ၏အဆုံးအဖြတ်အတွက် အရေးပါသည်ပရော့ဂျက်တစ်ခုဟာ မမျှော်လင့်ပါပဲ သူ့လက်ထဲမှာပျက်စီးသွားရပြီဖြစ်သည်။မနေ့တစ်နေ့ကအထိ စနစ်တကျဖြင့် သေချာနေခဲ့သည့် အောင်မြင်မှုတို့ဟာ အခုတော့ယိမ်းယိုင်ကုန်ပြီဖြစ်သည်။ပရော့ဂျက်အစအဆုံး စိတ်ရောကိုယ်ပါနှစ်၍ ကြိုးစားထားခဲ့ပြီး သေချာပြီးခဲ့ကာမှ ဝေးလ်က ခြေတစ်လှမ်းသာသွားတာကို သူလက်ခံပေးဖို့မဖြစ်နိုင်ပေ။
"ဟုတ်ပြီ! ငါ ခဏနေရောက်မယ်!..."
မြတ်သူအားအပြီးသတ်ပြော၍ ဖုန်းကိုချပြီးမှ ပြန့်ကျဲနေသည့်အဝတ်တို့အားကောက်ယူဝတ်ဆင်ရသည်။မီခါကတော့ မျက်လုံးတို့အားခပ်စင်းစင်းဖွင့်ကြည့်လာပြီးမှ...,
"ဘာဖြစ်လို့လဲ!..."
"ကိုယ်သွားရတော့မယ်!..."
နေးလ်ပြောတော့ ပျင်းတိပျင်းရွဲဖြစ်နေသော မီခါလှုပ်လှုပ်ရှားရှားဖြစ်သွားကာ မျက်ခုံးတို့တွန့်ချိုးသွားပြီးတော့မှ...
YOU ARE READING
My Black Liar
Художественная прозаနှလုံးသားကို လိမ်ညာယူတဲ့ အဆိုးလေးရဲ့အကြောင်း....