ဝေးလ်ပြန်ထွက်သွားတာနှင့် ထမင်းစားခန်းက မူမမှန်စွာပြန်လည်တိတ်ဆိတ်သွားခဲ့သည်။သောက်လက်စကော်ဖီခွက်အား အောက်ခံပြားနှင့်ထိခတ်သံထွက်သည့်အထိ နေးလ်ပြုမူလိုက်ပါမှ မီခါ့၏လှုပ်ရှားမှုတို့က ပြန်လည်အသက်ဝင်လာခဲ့သည်။ပူပူနွေးနွေးရှိနေသေးသော တို့ဟူးနွေးပန်းကန်က နေးလ်၏ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။ကြက်သွန်ဖြူဆီချက်မွှေးမွှေးနှင့် ငရုတ်သီးကြော်မွှေးမွှေးလေး ဖြူးထားတဲ့ တို့ဟူးနွေးက နေးလ်အကြိုက်ဆုံးမနက်စာ။အီကြာကွေးကိုပါ မမေ့မလျှော့ညှပ်ထည့်ထားပေးသည်။သူမကြိုက်တဲ့ နံနံပင်လည်းဖယ်ထား၏။
"လမ်းထိပ်ဆိုင်က သွားဝယ်လိုက်တာ..."
မီခါ့ကပြောပြနေရင်းဖြင့် နံဘေး၌ခုံဆွဲပြီးဝင်ထိုင်သည်။သူ့အတွက်ကဖက်ထုပ်ဆီချက်။နေးလ် တို့ဟူးနွေးပန်းကန်အား မွှေနှောက်နေရင်းဖြင့်...
"ဘာလို့ကိုယ်တိုင်သွားတာလဲ လှမ်းမှာလိုက်လို့ရတာပဲ..."
"အဲ့ဆိုင်က deliမပို့ဘူးလေ၊ခင်ဗျားက တို့ဟူးနွေးဆိုအဲ့ဆိုင်ကအကြိုက်ဆုံးမဟုတ်ဘူးလား..."
မီခါ့၏စကားကြောင့် နေးလ်ဘာမှမတုံ့ပြန်ဖြစ်တော့။တကယ်တော့ သူ့စိတ်ကိုက အထိမခံဖြစ်နေခဲ့တာဖြစ်သည်။သံသယများနေခဲ့သည့်စိတ်ကို တည်ငြိမ်အောင်ထိန်းရင်း နေးလ် မနက်စာကိုပဲ အာရုံစိုက်စားသောက်လိုက်တော့သည်။ပြီးတော့ ဖက်ထုပ်ဆီချက်ကို အရှေ့ချပြီး သူ့ကိုခပ်စိုက်စိုက်ကြည့်နေတဲ့ မီခါ့အားစောင်းငဲ့ကြည့်မိသည်။သူ့ တို့ဟူးနွေးက တစ်ဝက်လောက်ကုန်သွားပြီ ဖြစ်ပေမဲ့ မီခါ့၏ဖက်ထုပ်ဆီချက်ပန်းကန်က အရာမယွင်းသေးပေ။
"ဘာလို့လဲ မစားဘူးလား..."
"ပူလို့!..."
မီခါက ခပ်တိုးတိုးပြန်ဖြေသည်။အငွေ့တထောင်းထောင်းထနေတဲ့ ဖက်ထုပ်ဆီချက်က တကယ်လည်းပူနေသလိုပင်။မီခါက အစားအသောက်ပူပူလောင်တွေကို မစားတတ်တာသတိရမိလိုက်သည်။
!လူတွေက အစားအသောက်ဆို ပူပူနွေးနွေးမှ ပိုစားဝင်ကြတာမဟုတ်ဘူးလား!
YOU ARE READING
My Black Liar
Художественная прозаနှလုံးသားကို လိမ်ညာယူတဲ့ အဆိုးလေးရဲ့အကြောင်း....