Part19(Unicode)

12.5K 797 116
                                    

"အေးလိုက်တာ!..."

အဲကွန်းအပူချိန်ကို ထပ်မံချိန်ညှိနေရင်း မီခါကရေရွတ်သည်။နေးလ်ကတော့ မနက်ပြန်ဖို့အ‌တွက် မြတ်သူအား ဘားအံမှာပဲ လာကြိုဖို့စာတိုလှမ်းပို့လိုက်ရသည်။

"နွေးနွေးထွေးထွေးဖြစ်သွားအောင် လေ့ကျင့်ခန်းတစ်ခုခုလုပ်ရင်ကောင်းမယ်နော်..."

မီခါက နေးလ်၏နောက်ကျောဖက်မှ သိုင်းဖက်လိုက်ပြီးလည်တိုင်အား တိုးဝှေ့ပွတ်သပ်ရင်းဖြင့်ပြောသည်။ပြီးတော့ နေးလ်၏ ခန္ဓာကိုယ်တစ်ခုလုံးအား ပွတ်သပ်ကိုင်တွယ်နေခဲ့သည်။

"တစ်ခုခုလုပ်ဖို့ အချိန်ကောင်းပဲမဟုတ်လား..."

နားနားကပ်၍ ခပ်သဲ့သဲ့လေသံဖြင့်ပြောသည်။ပူနွေးသောလေငွေ့တချို့က နားရွက်ဖျားလေးအား တိုက်ခတ်သွားသလို နှုတ်ခမ်းဖျားတို့ဖြင့် မထိတထိ ထိခတ်မိတော့ နေးလ်တစ်ကိုယ်လုံး လျှပ်စစ်ဓာတ်တွေ စီးဆင်းသွားသလိုမျိုး ခံစားလိုက်ရသည်။မီခါ ဘယ်အထိသွားချင်နေသလဲဆိုတာ မှန်းဆကြည့်စရာတောင်မလို။အထိအတွေ့တို့က အရိုင်းဆန်စွာ ကြမ်းရှလို့နေသည်။လည်တိုင်တစ်လျှောက် ပြေးလွှားကခုန်နေသည့် အနမ်းကြမ်းကြမ်းတွေက မီခါ့၏ဆာလောင်ပြင်းမှုဆန္ဒတို့ကို ဖော်ပြနေသည်။မီခါက နေးလ်၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်တို့အား အငြှိုးကြီးစွာဖယ်ထုတ်ဖို့ကြိုးစား၏။

"မီခါ!..."

မီခါ့၏ ဖျားယောင်းမှုတို့၌ နေးလ်မျောနေခဲ့ပြီးတော့မှ အား‌ပျော့သော ရုန်းကန်မှုကိုပြုသည်။မီခါက နေးလ်အား အလိုက်သင့်ဖြေလျော့ပေး၍ မျက်နှာချင်းဆိုင်ဖြစ်အောင် ဆွဲလှည့်ပစ်သည်။ပြီးတော့ ရုန်းဖယ်နေသော နေးလ်၏မျက်နှားအား လက်နှစ်ဖက်ဖြင့် ညှစ်ယူ၍ နှုတ်ခမ်းလွှာတို့အား ခပ်ကြမ်းကြမ်းသိမ်းပိုက် ကျူးကျော်သည်။မီခါ့၏ အရိုင်းဆန်ကြမ်းတမ်းသော အပြုအမူတို့ထဲ နေးလ် မလူးသာမလွန့်သာဖြစ်နေခဲ့သည်။လျှပ်စစ်ဓာတ်တို့ စီးကူးနေခဲ့သလိုမျိုး ခန္ဓာကိုယ်တစ်ခုလုံး ကျဥ်နေခဲ့သည်။မီခါ့၏ ခါးအား အားပြုဖက်တွယ်ထားရင်း နေးလ် အသက်ရှုမှန်ဖို့ကိုတောင် ကြိုးစားနေရသည်။တစ်ကိုယ်လုံးရှိ အားအင်တို့အား မီခါ့က စုပ်ယူစားသုံးပစ်နေသည့်နှယ်။ခြေထောက်တွေတွေမခိုင်တော့သည့် နေးလ်အား မီခါကခါးမှနေ၍ မျက်နှာချင်းဆိုင်ပွေ့ယူလိုက်သည်။

My Black LiarWhere stories live. Discover now