"တင်ပြတာက ကောင်းပါတယ် 100ရာခိုင်နှုန်း မဟုတ်ပေမဲ့ တော်တော်လေးကို လိုအပ်ချက်နည်းတဲ့ တင်ပြချက်ပါပဲ..."
နေးလ်၏ မှတ်ချက်ပြုသည့်စကားကြောင့် ဒါရိုက်တာအဖွဲ့ဝင်အားလုံး စိတ်အေးသလိုအပြုံးတို့ဖြစ်ကုန်ကြသည်။ဇိမ်ခံအိမ်ယာစီမံကိန်းအသစ်အတွက် နောက်ဆုံးအဆုံးဖြတ်meetingက အဆင်ပြေပြေပြီးဆုံးသွားခဲ့သည်။meetingကို onlineကနေjoinထားတာမို့ နေးလ် outလိုက်ပြီးမှ ခန္ဓာကိုယ်အနေအထားအား ပြုပြင်ကာ အညောင်းဆန့်လိုက်သည်။မနက်ကတည်းက တောက်လျှောက် အလုပ်ထိုင်လုပ်နေလိုက်တာ သူနည်းနည်းလေးတောင် မလှုပ်ရှားရသေးချေ။ခါးအားအတန်ငယ် ဟိုလှည့်ဒီလှည့် လုပ်နေရင်းဖြင့် ရုံးခန်းအပြင်ဖက်သို့ အကြည့်ရောက်သွားတော့ နေးလ်၏မျက်နှာ အော်တိုတည်တင်းသွားရသည်။နေးလ်၏ အတွင်းရုံးခန်းက မှန်အကြည်တွေချည်းသုံး၍ ကန့်ထားတာဖြစ်သည်။ထိုအပြင်ဖက်မှာတော့ ဧည့်သည်တွေ့ဖို့ ဆက်တီတစ်စုံနှင့် မြတ်သူ၏စားပွဲရှိသည်။
အခုတော့ ထိုဆိုဖာအရှည်ပေါ်မှာ ခြေဆန့်၍လဲလျောင်းနေပါသော မီခါအားတွေ့လိုက်ရသည်။အရပ်ကရှည်တာမို့ ဆိုဖာနှင့်မဆန့်ပဲ ရှည်လျားသည့်ခြေတံတို့က အောက်ကျနေသည်။နေးလ်ရှိရာဖက်ကို ခြေထောက်ဆင်း၍ မျက်နှာမူထားပြီး လက်ထဲမှာစာရွက်ထပ် တချို့ကိုကိုင်ထားသေးသည်။သူ့ဖက်က အပြတ်အသတ်ဆက်ဆံပြီးကတည်းက ဒီရက်ပိုင်းတွေထဲ မီခါ့၏အရိပ်တောင် မမြင်ရစေပဲ ငြိမ်ချက်သား ကောင်းနေခဲ့သည်။ဒါဆို သူ့၏ဆုံးဖြတ်ချက်ကို မီခါလက်ခံသွားပြီဟု သူတွေးမိခဲ့သည်။အခုတော့ သူတွေးဆခဲ့တာမှားသွားပြန်ပြီထင်သည်။
မီခါက လက်ထဲမှ ဇာတ်ညွှန်းစာရွက်ကို စိတ်ဝင်တစား သဲကြီးမဲကြီးဖတ်နေရင်း ပါးစပ်ထဲမှာလည်း ချိုချဉ်အားစုပ်ထားလျှက် ခြေထောက်နှစ်ချောင်းကို လှုပ်ယမ်းနေလိုက်သေးသည်။
!ဒိုင်ယာလော့ခ် ကျက်စရာနေရာက ဒီလောက်ရှားနေလို့လား...!
နေးလ် မကြည်လင်စွာတွေးမိသည်။သူ့ရုံးခန့်ရှေ့က ဆိုဖာကဒိုင်ယာလော့ခ်ကျက်စရာ နေရာမှမဟုတ်ပဲ။နေးလ် ဘဲလ်အားနှိပ်လိုက်တော့ မြတ်သူက အခန်းထဲသို့ ချက်ချင်းဝင်ရောက်လာသည်။