Part 10(Zawgyi)

1.8K 53 1
                                    

ဗီဒီယိုထဲမှ အပြင်အဆင်ဆက်တင်က ကားနောက်ခန်းဧရိယာမှန်းသိသာလို့နေသည်။ဝါကျင့်ကျင့် ကားမီးရောင်အောက်မှာ သာယာမှုဖြင့် သတိလက်လွတ်ငြီးငြူနေပါသော နေးလ်၏မျက်နှာကလေးက အရမ်းကြီးထင်ရှားနေတာမျိုး မဟုတ်ပေမဲ့လည်း ရင်းနှီးသည့်လူကတော့ ခန့်မှန်းမိနိုင်သည်။မိမွေးတိုင်းဖမွေးတိုင်း ဖြူနုဝင်းဖတ်နေသည့် ခန္ဓာကိုယ်၏အလှတရားက ဗီဒီယိုထဲမှာတောင် ဖုံးကွယ်၍မရနိုင်။

"Exနဲ့ ခိုးတွေ့ဦးမလား ဟမ်!..."

မောဟိုက်နေသည့် အသက်ရှုသံပြင်းပြင်းနှင့်အတူ မေးရင်းဖြင့် နေးလ်၏ခါးလေးအား ဆုပ်ကိုင်၍ လှုပ်ရှားမှုများအား အညှာအတာကင်းမဲ့စွာပြုနေပါသော မီခါ့၏ပုံစံက ရမ္မက်ဆန္ဒတို့ဖြင့် ပြင်းထန်နေသလိုမျိုး။မီခါ့၏လှုပ်ရှားမှုတိုင်းမှာ နှုတ်ခမ်းလေးဟ၍ ဖျော့တော့စွာ ငြီးငြူနေမိသော ကိုယ့်ပုံစံအားပြန်မြင်နေရတာ နေးလ်အတွက်တော့ ရှက်ဖွယ်အတိ။ဗီဒီယိုကိုကြည့်နေရင်း နေးလ် ပါးရင်းနားရင်တွေပါပူထူလာရသည်။

!တကယ်ကြီး recordယူထားပြီး သူ့ဆီကိုတောင်ပြန်ပို့လိုက်သေးတယ် ဒီကောင်ကတော့...!

နေးလ် အသက်အားခပ်ပြင်းပြင်းရှုရှိုက်ပြီးမှ ဗီဒီယိုအား ပိတ်ပစ်ရခြင်းသို့ရောက်လေသည်။recordများယူထားသလားလို့ ဝေဝေဝါးဝါးတွေးမိလိုက်ပေမဲ့ နောက်နေ့ကျတော့ ထိုကိစ္စကိုသူပေါ့လျော့စွာပဲမေ့သွားခဲ့သည်။အခု မီခါ့ဆီမှ ဗီဒီယိုဖိုင်ကြီးရောက်လာတော့မှပဲ ဒါကိုပြန်သတိရ‌တော့သည်။‌ခွင့်ပြုချက်မရှိပဲ ရိုက်ထားတာတောင် လွန်လှပြီ၊အခုတော့ တမင်တကာတောင် သူ့ဆီပြန်ပို့သေးတယ်။ဘယ်လောက်အထိ စိတ်အနှောက်အယှက်ဖြစ်လိုက်ရသလဲလို့။

နေးလ် စိတ်ရှုပ်ထွေးစွာဖြင့် ဖုန်းခေါ်လိုက်ပေမဲ့ ဖုန်းကဝင်နေပြီးတော့မကိုင်။

!ဒီကောင် တမင်သပ်သပ်ကြီး...!

ဘယ်လိုမှဆက်ထိုင်နေလို့မရတော့ပဲ တတိယအလွှာရှိ practice roomသို့ ဆင်းခဲ့ရခြင်းသို့ရောက်သည်။နေးလ်ရောက်သွားတော့ အခန်းထဲမှာ အကကျင့်နေပါသော ‌မီခါနှင့်အကအဖွဲ့အားတွေ့လိုက်ရသည်။သူရောက်လာတာတွေ့တော့ နည်းပြဆရာက အချက်ပြလိုက်တာနှင့် လေ့ကျင့်မှုက ရပ်တန့်သွားလေသည်။ပြီးတော့ အားလုံးက အလိုက်တသိပဲထွက်သွားကြလေတော့သည်။မီခါက သူ့ကိုတွေ့လိုက်တော့ ခပ်ပါးပါးအပြုံးဖြင့် တစ်လှမ်းချင်းလျှောက်လို့လာသည်။‌လေ့ကျင့်ထားတာမို့ ဝတ်ထားသည့်စွပ်ကျယ်အဖြူက ချွေးစက်တို့ဖြင့် ခန္ဓာကိုယ်၌ချပ်ကပ်နေသည်။ဝမ်းဗိုက်နေရာမှ ကြွက်သားအမြှောင်းမြှောင်းတို့အား အတိုင်းသားမြင်နေရသည်။ချွေးစက်တွေ စီးကျနေပုံက ရှည်လျားသော မျက်တောင်ဖျားတွေပေါ်မှာပါ စိုကပ်ခိုတွဲလို့နေသည်။

My Black LiarWhere stories live. Discover now