Ch-59ဝေ့ကျန့်ဝေ့ နှင့် သူမ၏ဆက်ဆံရေးကိုဖော်ပြရန် ဟဲ့ရှောင်ယွင် သည် ချစ်ခြင်းမေတ္တာဟူသော စကားလုံးကို ပထမဆုံးအကြိမ် အသုံးပြုခဲ့သည်။
သူများတွေ ဘယ်လိုချစ်ကြလဲတော့မသိပေမယ့် ရုပ်ရှင်တွေ၊ ရုပ်မြင်သံကြား ဒရာမာတွေ၊ ဝတ္ထုတွေကြည့်ရင်း အတွေ့အကြုံအရတော့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက မသဲကွဲ၊ ဝန်ခံမှု၊ ပေါင်းသင်းမှု၊ အိမ်ထောင်ရေး အဆင့်တွေထက် မပိုပါ။၊ သူမနဲ့ ဝေ့ကျန့်ဝေ့ တို့ အဆုံးသတ်တွင် စတင်ခဲ့သည်။
ဒါကြောင့် ချစ်ခြင်းမေတ္တာဆိုတဲ့ စကားလုံးတွေကို ဘယ်တုန်းကမှ မပြောခဲ့ကြဘူး။
ဟဲ့ရှောင်ယွင် က ဝေ့ကျန့်ဝေ့ ရဲ့ ပခုံးပေါ်မှာ ခေါင်းကို လှဲထားပြီး အိမ်တဝိုက်ကို သယ်သွားခွင့်ပေးထားသည်။ ဒီစိတ်ငြိမ်းချမ်းမှုဟာ အချစ်ဖြစ်သင့်တယ်လို့ သူမ ထင်သည်။
ဟဲ့ရှောင်ယွင် ရဲ့ မှီခိုနေတဲ့ အပြုအမူကြောင့် ဝေ့ကျန့်ဝေ့ မှ "မင်း ဒီနေ့ ကိုယ့်ကို တကယ်ချစ်တယ်ဆိုတာ ကိုယ် ရှာတွေ့သွားပြီ " ဝေ့ကျန့်ဝေ့ က ပြုံးပြုံးလေး ဆိုလာသည်။
ဟဲ့ရှောင်ယွင် က မသိမသာ ခေါင်းညိတ်ပြ၍ သူ့မျက်ဝန်းတွေကို မော့ကြည့်ကာ " ဘယ်သူကရှင့်ကိုကြိုက်လို့လဲ? ဒီနေ့ ရှင် ကပ်နေတာ ကျွန်မ သိလိုက်ရတယ်။"
သူ့စကားမှန်ရင်တောင်မှ ဒီလူက ကောင်းကင်ထက်မှာ ကြွားနေမှာမို့လို့ ဝန်မခံနိုင်ပါ။
ထို့အပြင် သူသည် သူမကို ချစ်သည်ဟု တစ်ခါမှ မပြောခဲ့သဖြင့် သူမကို အရင် မပြောသင့်ပေ။
ဝေ့ကျန့်ဝေ့ ခေါင်းငုံ့၍ သူမ၏ပါးစပ်ကိုပိတ်ဆို့လိုက်သည်။ သူမသည် အမြဲတမ်း မရိုးမသားပြောတက်ပြီး အများကြီးလည်းသိပ်မပြောတက်သူဖြစ်ပေသည်။
နေ့ခင်းဘက်တွင် ရှောင်ယွင်၏စိတ်ခံစားချက်သက်ရောက်မှုကြောင့် ထိုညတွင် အိပ်မက်တစ်ခုမက်ခဲ့သည်။
သူမ၏ အရင်ဘဝတုန်းက တောင်ပေါ်ကနေ ရုန်းမထွက်နိုင်ခဲ့ဘူး။ သူ့မိဘတွေက သူ့ကို လိမ်လည်ပြီး အရူးတစ်ယောက်ဆီ ရောင်းစားခဲ့ကြသည်။ အကြိမ်ပေါင်းများစွာ ထွက်ပြေးပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။ နောက်ပိုင်းတွင် လူမိုက်၏မိသားစုက သူမအား သူမ၏အခန်းတွင် သံကြိုးဖြင့်ချည်နှောင်ခဲ့သည်။ နေ့တိုင်း ပြတင်းပေါက်မှာသာ ထိုင်ပြီး အပြင်ကို ငေးကြည့်နေခဲ့ရသည်။

YOU ARE READING
တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်း
RomanceDressed up as a Real Mom Status in Coo: 61 Chapter+1 Extra.