Ch-57.2တရုတ်နှစ်သစ်ကူးပြီး မကြာခင်မှာပဲ ချင်းရွှေဟယ်သည် စစ်တပ်ဆီက စာတစ်စောင် လက်ခံရရှိခဲ့သည်။ ဝေ့ကျန်ရှင်း သည် စာကိုဖွင့်၍ စာကြောင်းအနည်းငယ်ဖတ်သည်။ အမြဲတစေ သဘောထားကြီးသူသည် အော်ဟစ်ကာ သူ့မျက်နှာတွင် ရွှင်လန်းမှုအပြည့်ရှိနေသည်။
ဝမ်ချွမ်ဟွား မှ "ဘာဖြစ်တာလဲ၊ အဆင်ပြေရဲ့လား?"
ဝေ့ကျန်ရှင်း ခဏကြာမျှ ပြန်မဖြေဘဲ စာကို ဆက်ဖတ်သည်။
ဝမ်ချွမ်ဟွား က သူ့ကျောကို အလျင်စလို ရိုက်၍ ပြောတော့သည် "မင်း မြန်မြန်ပြော!"
ကျန့်ရှင်းသည် စာကိုမြန်မြန်ဖတ်၍ "ဒုတိယမရီးက မြို့တော်ကောလိပ်မှာ တတိယအဆင့်ရတယ်တဲ့ ဖေဖေါ်ဝါရီလမှာ မြို့တော်တက္ကသိုလ်မှာ တက်ရတော့မယ်တဲ့.."
"တကယ်လား?!" ဝမ်ချွမ်ဟွား ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ဝေ့ကျန့်ဟွား လည်းထိတ်လန့်နေသည်။ "ဒုတိယမရီး က တကယ်ကို အံ့သြစရာပဲ!"
ဝမ်ချွမ်ဟွား သည် စာကို လုယူလိုက်ပြီး အကြိမ်အနည်းငယ် ဖတ်ကြည့်ကာ နားမလည်သေးပေ။ သူမသည် သူ့သားငယ်ထံသို့ပေးလိုက်ကာ "ငါ့ကိုဖတ်ပြ' ဟု ပြောလိုက်သည်။
ဝေ့ကျန့်ဟွားက အစကတည်းက စာကိုဖတ်ရူနေကာ ဖုန်းချိုးယွဲ့ က နားထောင်ဖို့ သူ့သမီးကို သွားခေါ်သည်။
ဒီစာကို ဝေ့ကျန့်ဝေ့ ရေးသားထားတာဖြစ်သည်။ရှောင်ယွင် သာ ရေးခဲ့မည်ဆိုလျှင် သူမ၏ အောင်မြင်မှုများကို ဂုဏ်ယူဝံ့ကြွားနေမည်မှာ သေချာသည်။
နားထောင်ပြီးနောက်၊ ဖုန်းချိုးယွဲ့ မှ "ကျွန်မတို့ တပ်မဟာမှာ ဒီနှစ်မှာ လူတော်တော်များများ စာမေးပွဲဖြေကြတယ်လို့ ကြားတယ် ၊ ဒါပေမယ့် မြို့ကလာတဲ့ ပညာတတ်လူငယ်တစ်ယောက် အပါအဝင် နှစ်ယောက်ပဲ ဝင်ခွင့်ရတယ် ရှောင်ယွင် က တကယ်ကို အံ့သြစရာကောင်းတယ်။"
"ဟုတ်ပါ့?" ထို့နောက် ဝမ်ချွမ်ဟွား ခေါင်းညိတ်လိုက်သည်။
ပထမလတွင် ကောလိပ်ဝင်ခွင့်စာမေးပွဲပြန်လည်စတင်သည့်မူဝါဒထွက်ပေါ်လာသည်နှင့်တပြိုင်နက် ၎င်းတို့၏ ချင်းရွှေဟယ် တပ်မဟာ သည်လည်း ခဏတာအသက်ဝင်ခဲ့သည်။

YOU ARE READING
တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်း
RomanceDressed up as a Real Mom Status in Coo: 61 Chapter+1 Extra.