Ch- 57.1: အရမ်းချောသည်။သတင်းစာ၏ ခေါင်းစီးမှာ ရဲရင့်ပြီး ကျော်ကြားလာသော ဟဲ့ရှောင်ယွင် ကို အထက်ဖော်ပြပါ ခေါင်းစဉ်ဖြင့် တစေ့တစောင်းဖော်ပြထားသည်။ "ခေတ်ပြိုင်အမျိုးသမီးများရဲ့ စံနမူနာပြအဖြစ် တောင်ရွာမှ လာသော အမျိုးသမီး" ဟူ၍။
"တုန်လှုပ်ချောက်ချားစေသော ' သတင်းများနှင့် နှိုင်းယှဉ်၍မရသော်လည်း အင်တာဗျူးဖြေဆိုသူ ဟဲ့ရှောင်ယွင် မှာ ၎င်းကိုကြည့်တိုင်း ရှက်နေကာ အထူးသဖြင့် သူမ၏မျက်နှာကို ဖုံးကွယ်ထားချင်မိသည်။
စာမေးပွဲတွင် တတိယနေရာရခဲ့သည်မှာ အထူးအဆန်းမဟုတ်သော်လည်း ဟဲ့ရှောင်ယွင် သည် ထိပ်တန်းဆယ်ယောက်စာရင်းတွင် တစ်ဦးတည်းသော အမျိုးသမီးဖြစ်သည်။
ရူလန်ရှန်း သည် သတင်းစာကို လှုပ်ယမ်း၍ ကောက်ကိုင်ကာ ဖတ်ပြလိုက်သည်။ " မကြာသေးမီက ငါတို့ သတင်းထောက်က တွေ့ဆုံမေးမြန်းခဲ့တယ်..."
"အစ်မရူ မဖတ်နဲ့တော့!" ဟဲ့ရှောင်ယွင် က သူမကို ကမန်းကတန်း တားလိုက်သည်။ "ဒါက ချဲ့ကားလွန်းတယ်"
"ဒါဟာ ချဲ့ကားတာမဟုတ်ပါဘူး၊ အဖြစ်မှန်နဲ့ ကိုက်ညီတယ်လို့ အစ်မ တော့ထင်တယ်။"
သူမ သည် ကျောင်း၏ဇနီးအား ပြောလိုက်သည်။ "မင်းကတော့အမှားတစ်ခုလို့ပြောခဲ့တယ် ဒါပေမဲ့ တကယ်က မဟုတ်ဘူးပဲ ဖောင်ဖြည့်စဉ်က ရှောင်ယွင်က မြို့တော်တက္ကသိုလ်လို့မရေးခဲ့ဘူး သူ့အဆင့်တွေ ထွက်လာပြီးနောက် တက္ကသိုလ်ဆရာမက သူမတံခါးဆီရောက်လာခဲ့ပြီး မြို့တော်ကတက္ကသိုလ်ကိုတက်ခိုင်းတဲ့အတွက် တခြားသူတွေထက် နောက်ကျပြီးမှ အကြောင်းကြားစာရတာလေ.."
"ကောင်းတာပေါ့" ကျောင်း က ပြုံးပြုံးလေးပြောလိုက်သည်။ "ငါ့သားအဆင့်တွေက မဆိုးပါဘူး၊ သူက ကျောင်းကို ရွေးထားပြီးသား သူလည်း ပေါက်တတ်ကရ တက္ကသိုလ်တက်ရမှာမဟုတ်ဘူး မြို့တော်တက္ကသိုလ်ကို သွားရဖို့က တကယ်ကို အရည်အချင်းရှိမှာရတာ တပ်မှူးဝေ့က ငါတို့အားလုံးကို ပွဲတော်ကြီးတစ်ခုလုပ်ပေးရတော့မှာပဲ .. အဲအချိန်ကျရင်ငါ့ကို ခေါ်ဖို့အမှတ်ရပါ.."

YOU ARE READING
တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်း
RomanceDressed up as a Real Mom Status in Coo: 61 Chapter+1 Extra.