Ch-55 : - သူမကို ကိုက်တယ်။

340 42 1
                                    



Ch-55 : - သူမကို ကိုက်တယ်။

ဈေးအနီးရှိ စာအုပ်ဆိုင်တွင် ကြက်ပျံမတက်စည်ကားနေသည်။ ကောလိပ်ဝင်ခွင့် စာမေးပွဲ ပြန်လည်စတင်သည့်သတင်း ထွက်ပေါ်လာပြီးကတည်းက ဟဲ့ရှောင်ယွင် သည် ကုန်စုံဆိုင်သွားဝယ်တိုင်း စာအုပ်ဆိုင်တံခါးဝတွင် အတန်းလိုက် တန်းစီနေကြသော လူများ ကို မြင်နေရသည်။ ညသန်းခေါင်ထိ လူတော်တော်များများ တန်းစီနေကြသည်လို့ ပြောကြပေမယ့် တော်တော်များများကတော့ စာအုပ်မဝယ်နိုင်ကြသေးပါ။

ဟဲ့ရှောင်ယွင် ၏ ကျောင်းသုံးစာအုပ်များနှင့် ပြန်လည်သုံးသပ်ရေးပစ္စည်းများကို လွန်ခဲ့သည့် ၂ နှစ်အတွင်း စာအုပ်ဆိုင်များနှင့် စွန့်ပစ်ပစ္စည်းများ ပြန်လည်အသုံးပြုသည့်နေရာများတွင် တစ်ခုပြီးတစ်ခု တွေ့ရှိခဲ့သည်။ တချို့က အိုဟောင်းနေပြီ အနည်းဆုံးတော့ တခြားသူတွေနဲ့ စာအုပ်ဝယ်ရတဲ့ ဝေဒနာကို သက်သာစေသည်။

ထိုညနေခင်းတွင် ဟောင်လီကျန်း မှ သူမကိုရှာဖွေရန် လာခဲ့သည်။

သူမသည် စာမေးပွဲအတွက် စိတ်လှုပ်ရှားစွာ ပြင်ဆင်နေမှန်းသိသဖြင့် ရူလန်ရှန်း နှင့် အခြားသူများသည် သူမကို အလွယ်တကူ မနှောက်ယှက်ကြပေ။ ဟောင်လီကျန်းက တစ်ခုခုတောင်းဖို့ရောက်လာခဲ့ခြင်းဖြစ်သည်။

ရှောင်ယွင်နဲ့ ပေါင်းသင်းတတ်တဲ့ လူသုံးယောက်ထဲမှာ ရူလန်ရှန်းနဲ့ ဟောင်လီကျန်းတို့ဟာ ဒေသခံတွေဖြစ်သည်။ သူတို့ချစ်သူနဲ့လက်ထပ်၍ စစ်တပ်ထဲနေထိုင်ကြသူများဖြစ်သည်။ ဟဲ့ရှောင်ယွင် ကဲ့သို့ လီရှီဂျင်း သည် လောင်ကျောင်း နှင့်အတူ မွေးရပ်မြေမှ ဆင်းသက်လာပြီး ၎င်းတို့နှစ်ဦးစလုံးသည် တောင်ပိုင်းသားများဖြစ်သည်။

ဟောင်လီကျန်း၏မိသားစုတွင် ညီမငယ်တစ်ဦးရှိသည်။ အစောပိုင်းနှစ်အနည်းငယ်က အထက်တန်းကျောင်းပြီးသောအခါ အရှေ့မြောက်ဘက်တွင် တာဝန်ကျခဲ့သည်။ သူမဟာ မနှစ်တုန်းက မြို့ကို ပြန်လာနိုင်ခဲ့သည်။ ယခု သူမသည် ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုချင်သော်လည်း ပြန်လည်သုံးသပ်ရေးပစ္စည်းများကို မဝယ်နိုင်ဖြစ်နေသည်။

တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းWhere stories live. Discover now