Ch- 62- Extra

393 37 1
                                    



Ch- 62- Extra

ဟဲ့ရှောင်ယွင် သည် ရံဖန်ရံခါ အံ့ဩသွားမိသည် ၊ သူမနေထိုင်သောကမ္ဘာသည် အမှန်တကယ် စာအုပ်တစ်အုပ်ဖြစ်နေတာလား? သူမရဲ့ မှတ်ဉာဏ်ထဲက အစစ်အမှန်လို့ ခေါ်တဲ့ အိပ်မက်က သူမ၏အိမ်မက်တစ်ခုပဲလား?

သူမ သိပ်ပြီး မစဉ်းစားတတ်ပါ၊ ပြောရလျှင် သူမ၏ဘဝဟာ အလုပ်ရှုပ်နေပြီး စိတ်ပူဖို့ အချိန်အများကြီး မရှိပါဘူး။

ဒီအကြောင်းကို သူမ နောက်ဆုံးတွေးမိတာက ဝေ့ယွမ်ဟန်ရဲ့ အတန်းဖော်တစ်ယောက်ကြောင့်ဖြစ်သည်။

ဝေ့ယွမ်ဟန်က အထက်တန်းကျောင်းတက်နေပြီ။ ဒီအရွယ် ယောက်ျားလေးတစ်ယောက်မှာ သူ့အကြိုက်နဲ့ စိတ်ကူးတွေ ရှိသည်။ စနေ၊ တနင်္ဂနွေတွေမှာ သူ ငယ်ငယ်ကလို မိဘတွေကို တွယ်တာမယ့်အစား ရွယ်တူတွေနဲ့ ဆော့ဖို့ ပိုထွက်လာသည်။

ဒီအပတ်မှာ အိမ်မှာ ဧည့်သည်တချို့ လာလိမ့်မည်။၊ ဟဲ့ရှောင်ယွင် က မနက်ခင်း ဟင်းသီးဟင်းရွက်ဝယ်ဖို့ ထွက်သွားပြီး ဝေ့ယွမ်ဟန်ပြန်ရောက်တဲ့အခါ ခြံတံခါးဝ၌ သူမ သားဖြစ်သူကို သတိပေးလိုက်သည်။ "ဦးလေး နဲ့ အဒေါ်ဝူတို့ နေ့လည်စာ လာစားလိမ့်မယ် နေ့လည်စောစောပြန်လာဖို့မမေ့နဲ့"

"နားလည်ပြီ!" ကောင်လေးက ပြန်ဖြေသည်။

သစ်ပင်အောက်မှာ ဆန့်ကျင်ဘက်လမ်းမှာ သူ့အတန်းဖော်တွေက သူ့ကိုစောင့်နေကြပြီး ကောင်လေးတစ်ယောက် မှ "ဝေယွမ်ဟန်၊ မြန်မြန်သွားကြမယ် ယုရန်ရန် နဲ့ တခြားသူတွေက စာကြည့်တိုက်ကို ရောက်နေပြီ၊ သူတို့ ငါတို့ကိုလိပ်နဲ့တူတယ်လို့ပြောလိမ့်မယ်ကွ !"

"လိပ်က ဘယ်သူလဲ၊ နောက်ဆုံး နောက်ကျသူတွေက မိန်းကလေးတွေပဲ၊ ကောင်မလေးတွေက လိပ်တွေပဲ"

"ဒါဆိုလည်း အဲမိန်းကလေးကိုပြောလေ"

"ငါက မိုက်မဲတယ်များထင်နေသလား?"

လူငယ်များစွာ ရယ်မောကာ ထွက်ခွာသွားသော်လည်း ဟဲ့ရှောင်ယွင် သည် အေးခဲနေသောနေရာတွင် ရပ်နေကာ ခဏအကြာတွင် အိမ်သို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

🎉 You've finished reading တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်း 🎉
တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းWhere stories live. Discover now