Ch-53: အချစ် (1)

374 40 0
                                    


Ch-52 : ကောင်းပြီ။

ဝေမိသားစုဝင်များ လယ်ထဲဆင်းတော့ ဟဲ့ရှောင်ယွင် နှင့် ဖုန်းချိုးယွဲ့ တို့ကို အိမ်တွင် ချက်ပြုတ်ရန်၊ ဝက်များကို ကျွေးမွေးပြီး ကလေးများကို ကြည့်ရှုရန် ထားခဲ့သည်။

မနေ့က ဝေကျန့်ဝေ့ သည် အနောက်ဘက်ရှိ မျှစ်ပင်အချို့ကို သွားတူးခဲ့သည်။ ဒီရာသီမှာ မျှစ်တွေကချိုတယ်။ ကြွပ်တယ်၊ နူးညံ့တယ်။ ပြုတ်သည်ဖြစ်စေ ချက်သည်ဖြစ်စေ စားသောက်ဖို့သင့်တော်သည်။

နှစ်ယောက်သား ခြံထဲမှာ မျှစ်များကိုတူးနေကြသည်။ ဝေယွမ်ဟန် သူတို့ဘေးမှာ ထိုင်ချလိုက်သည်။ ရုတ်တရက် အခန်းထဲမှ ကလေးငယ်၏ အော်ဟစ်သံကြောင့် နိုးလာသည်။ ဖုန်းချိုးယွဲ့ သည် သူမ၏လက်များကို ဆေးကြောရင်း ကျယ်လောင်အော်နေသော ကလေးအား ချော့ရန် အခန်းထဲသို့ အမြန်ပြန်သွားသည်။

ခဏအကြာတွင် ရင်သွေးလေးကို ပွေ့ချီကာ ထွက်လာခဲ့သည်။ ကလေးက မငိုတော့ပေမဲ့ မျက်တောင်မွှေးပေါ်တွင် မျက်ရည်များကျနေတုန်း ပါးပြင်ကလေးတွေ နီမြန်းနေတုန်းပဲ ။

ဟဲ့ရှောင်ယွင် က ပြုံးပြီးပြောတယ် "ကလေး တော်တော်ဆိုးတာပဲ ၊တော်တော် ငိုနိုင်တယ်။"

"မဆိုးပါဘူး သူမ အခု ဗိုက်ဆာနေတာ။ ဗိုက်ဆာရင် ပြင်းပြင်းထန်ထန် ငိုတယ်။ အကြွေးတွေ စုပုံရတယ်။ မင်းရဲ့ခဲအိုကတောင် ကလေးက ငယ်ပေမဲ့ တိုက်ပွဲထဲက အမြှောက်လို ငိုနိုင်တယ်တဲ့.."

"အစ်ကိုကြီးက စနောက်တဲ့နေရာတော်တယ်.." ဟဲ့ရှောင်ယွင် ဝမ်းသာအားရ ပြောလိုက်သည်။

နေ့လည်စာစားပြီးသောအခါ ဟဲ့ရှောင်ယွင် သည် လယ်ကွင်းသို့သွားရန် ကမ်းလှမ်းခဲ့သည်။ လူများစွာသည် လယ်ကွင်းမှ တက်လာပြီး သစ်ပင်ရိပ်တွင် ထိုင်နေကြ၏။ ဝေကျန့်ဝေ့ သည် ပျိုးပင်တန်းများ စိုက်ပျိုးခြင်း မပြီးသေးသောကြောင့် နောက်တွင်ကျန်ခဲ့သည်။

"အိမ်မှာ စားစရာရှိလား" ဝမ်ချွမ်ဟွား က သူမကို မေးလိုက်သည်။

ဟဲ့ရှောင်ယွင် မှ "အိမ်မှာ ကြက်သုံးကောင်လုံး ဥတွေဥနေတယ်၊ အဲဒီထဲကကြက်ဉတစ်ဉကို အိမ်နောက်ဖေးမီးဖိုထဲမှာ ရှောင်ယွမ်က ရှာတွေ့ခဲ့တာဆိုတော့ပျော်နေတယ် "

တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်းWhere stories live. Discover now