Chapter 49: လူထူထပ်သော (Part - 1)နှစ်သစ်ကူးပြီးနောက် နေ့ရက်များ ကခပ်မြန်မြန်ကုန်ဆုံးလာသည်။ နှစ်သစ်၏ပထမဆုံးလတွင် နှင်းနှင့်ရေခဲများကစတင်အရည်ပျော်စပြုလာသည်။ ချင်းရွှေဟယ်မှပေးပို့လာသည့်စာတွင် မက်မွန်ပန်းများပွင့်နေကြောင်း ပြောထားသည်။
နှင်းများအရည်ပျော်သွားပြီးနောက် ဟဲ့ရှောင်ယွင်တစ်ယောက် အောက်ထပ်သို့မကြာခင်ဆင်းလေ့ရှိသည်။ ဝေ့ကျန့်ဝေ့ ကိုယ်တိုင်ပိုင်ရှင်မရှိဟု အတည်ပြုထားသည့်မိသားစုတန်းလျားနောက် တွင် ရှိနေသော မြေကွက်လပ်ကျယ်ကြီးတွင် အသီးအနှံပင်အချို့စိုက်ရန် ဟဲ့ရှောင်ယွင် တစ်ယောက် ဈေးမှမျိုးစေ့များစွာဝယ်ယူလာသည်။
ရက်အနည်းငယ်ကြာပြီး နောက် မုန်လာဥဖြူအစေ့များမှာအညှောက်ပေါက်လာကြသည်။ အပင်ပေါက်များကဆယ်စင်တီမီတာအထက်ရှည်လာသောအခါ ဟဲ့ရှောင်ယွင် က ထိုအပင်ပေါက်များကိုဖြတ်ပစ်သည်။ အိမ်စားဖို့အတွက် အပြင်အပေါ်ထပ်နှင့်အောက်ထပ်ရှိ အိမ်နီးနားချင်းများကိုလည်း ဝေပေးလိုက်သေးသည်။ ထို့နောက် ဒုတိယအကြိမ်မျိုးစေ့ကြဲပြန်သည်။
ဟဲ့ရှောင်ယွင် ၏အသီးအနှံစိုက်ပျိုးရေးကို ရှုလန်ရှန်းနှင့်ဟွမ်လီကျန်း တို့ကစိတ်ဝင်စားနေသည်။ ထို့ကြောင့် ဟဲ့ရှောင်ယွင် ဖန်တီးထားသောစိုက်ခင်းငယ်လေးတွင် သူတို့လည်း ကြက်သွန်မြိတ်နှင့်တရုတ်နံနံအချို့ စိုက်ထားကြသည်။ တစ်ဖြေးဖြေးနှင့်အခြားလူများကလည်း ဟဲ့ရှောင်ယွင် ၏ လမ်းစဥ်အတိုင်း လိုက်လာကြသည်။ မိသားစုတန်းလျားတစ်ခုလုံးကစိုက်ခင်းငယ်လေးထဲတွင် ဟင်းသီးဟင်းရွက်စိုက်ပျိုး
သည့်အလေ့အထတစ်ခုတိုးလာသည်။ ထိုစိုက်ခင်းသဖွယ်ဖြစ်လာသောနေရာလွတ်ကွင်းပြင်ကျယ်ကြီးကို အမျိုးသမီးများကဦးဆောင်ပြီး စီမံနေခြင်းဖြစ်သည်။
ဝေ့ကျန့်ဝေ့ နှင့် ဟဲ့ရှောင်ယွင် တို့အပန်းဖြေအားလပ်ရက်အတွက် ချင်းရွှေဟယ်ရှိအိမ်သို့ပြန်ရမည့်အချိန် သို့ ရောက်လာသောအခါဟဲ့ရှောင်ယွင်က သူ(မ)၏ ဟင်းသီးဟင်းရွက်စိုက်ခင်း ကို ရှုလန်ရှန်း ဆီအပ်ခဲ့သည်။ ထို့နောက် ဝေ့မိသားစုများအတွင် လက်ဆောင်ဝယ်ပြန်သွားရန် ရှုလန်ရှန်းနှင့်အတူဈေးသို့ထွက်လာခဲ့သည်။

YOU ARE READING
တကယ့်မိခင်တစ်ယောက်လိုပြုမူနေထိုင်ခြင်း
RomanceDressed up as a Real Mom Status in Coo: 61 Chapter+1 Extra.