Part 1

5.7K 190 5
                                    

နေရာကား ချင်နိုင်ငံ.. ။ အမတသခင် ရှစ်ယင်အား ​ကောင်းကင်မင်းကြီးက ဆင့်​ခေါ်လိုက်သည်..။  လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း တခါတရံ ဆင့်​ခေါ်​နေကျ..။ ​ထွေ​ထွေထူးထူးကိစ္စရှိလို့​တော့ မဟုတ်..။ ဒီအတိုင်း အလ္လာပ သလ္လာပ ​ပြောရုံသာ...။

ယ​နေ့​တော့ ​ကောင်းကင်နန်း​တော်မှ နတ်သူငယ်​လေးကိုယ်တိုင် ဆင့်​ခေါ်စာ လာပို့ခြင်းဖြစ်သည်..။ အ​ကြောင်းထူး ရှိရမည်ဟု ရှစ်ယင်တွက်မိသည်..။ ထို့​ကြောင့် မ၀တ်တာကြာပြီဖြစ်​သော ၀တ်ရုံကို ၀တ်ဆင်လိုက်သည်..။

၀တ်ရုံက ရုတ်တရက်ကြည့်လျှင် အဖြူ​ရောင်ဟု ထင်ချင်စရာ..။ ​သေချာကြည့်ပါမှ ပိုးသား​ပေါ်မှာ ​ငွေ​ရောင်သစ်ခွပန်း​လေးများ ဆင်ယင်ထားသည်..။ ဇာမဏီအ​တောင်ကို ချည်အဖြစ်သုံးထားသဖြင့် ​နေခြည်​အောက်မှာ တလက်လက်​တောက်လျက်...။ ၀တ်စုံက တောက်ကြွလွန်းမှုမရှိသလို ​မှေးမှိန်မှုလည်း မရှိ...။

ဒီ၀တ်စုံက ​ကောင်းကင်နန်း​တော်သို့ သွားတိုင်း ရှစ်ယင်၀တ်​နေကျ..။ ယ​နေ့​တော့ ဆံပင်တို့ကို သလင်း​ကျောက်ဆံထိုးဖြင့် ဆင်ယင်ထုံးဖွဲ့လိုက်သည်။ ဖြူလွလွ ​ခေါင်းစည်းကြိုးနှစ်စက ခါးသွယ်သွယ်မှာ ​ဝေ့ဝဲကျလျက်.. ။ ခါးစည်းပိုးကြိုး အပြာ​ရောင်က ရှစ်ယင်လမ်း​လျှောက်လိုက်တိုင်း တလွင့်လွင့်...။

​ကောင်းကင်ဘုံအရာရှိများက ရှစ်ယင်ကို တိတ်တခိုး​ငေးကြသည်။ အဖြူ​ရောင် ဝတ်စုံနှင့် ခါးကျဥ်ကျဥ်ကို မ​ငေးပဲမ​နေနိုင်... ။ မြူနှင်း​တွေကြားက ပန်းခင်းကိုကြည့်ရသလို ရင်တဖိုဖို...။

နတ်ဘုံနတ်နန်းမှာ အ​ပေါဆုံးက ဘာလို့ထင်လဲ..။ ​သေချာ​ပေါက် ​ချော​မောလှပတဲ့ နတ်သားနတ်သမီး​တွေပဲ​ပေါ့..။ ​ချော​မောလှပ​သော ဂုဏ်ကျက်သ​ရေ ထည်ဝါ​သော နတ်အရာရှိ​တွေ..။ သို့ရာတွင် ရှစ်ယင်က​တော့မတူ..။ သူက ​ကောင်းကင်မင်းကြီးလက်​အောက်ခံ အဆင့်မြင့်ဆုံးနတ်အရာရှိ​လေးပါးထဲမှာ တပါးအပါအဝင်..။ အဆင့်အတန်းက မြင်းမိုရ်​တောင်ထိပ်က နှင်းကြာပန်းလို လက်လှမ်းမမှီ..။ သူ့ကို ဒီလို အနီးကပ်မြင်ရဖို့ အခွင့်အ​​ရေး​တောင် ခပ်ရှားရှား...။

Burning HeartWhere stories live. Discover now