၀မ်ရိပေါ် နေထိုင်သော ဇာမဏီနန်းဆောင်မှာ တညလုံး မီးထွန်းထားသည်..။ အပြင်ဘက်ရှိလှေကားရင်းတွင် စောင့်နေသော အပျိုတော်တို့က တယောက်မျက်နှာ တယောက်ကြည့်ကြသည်..။ မင်းကြီးက အဆောင်တော်သို့ ညတွင်ခစားရန် တယောက်မှ မခေါ်ဖူး..။ ယခုတော့ သူကိုယ်တိုင် လူတယောက်ကို ခေါ်လာသည်..။
အပျိုတော်ခေါင်းဆောင်က ဘုရင်ကြီး၏ လက်ထဲမှလူကို တချက်ကြည့်ရုံဖြင့် မှတ်မိသွားသည်..။ သူမက အံ့သြပုံမပြပဲ ကျန်အပျိုတော်များနှင့် အစေခံများကို ခေါင်းငုံ့၍ နှုတ်ဆိတ်နေရန် အမိန့်ပေးလိုက်သည်..။ ထို့နောက် အရှင်မင်းကြီးနောက် လိုက်သွား၍ ကူညီပေးရန် ပြင်လိုက်သည်..။ သို့သော် ၀မ်ဘုရင်က တံခါးကို ဆွဲပိတ်လိုက်သည်..။ ကြည့်ရတာ ရာသီဥတု မကောင်း..။ သူတို့အားလုံး အသံမထွက်ရဲပဲ အပြင်မှာပဲ စောင့်နေကြသည်..။
ကျယ်၀န်းသော အခန်းထဲတွင် တိတ်ဆိတ်လျက်ရှိသည်..။ ၀မ်ရိပေါ်က သူ့လက်ထဲမှ လူကို ငုံ့ကြည့်လိုက်သည်..။ ရှစ်ယင်က မျက်လုံးများမှိတ်လျက် အိပ်စက်နေပုံ ပေါ်သည်..။ သူ့တကိုယ်လုံး ချွေးများစိုရွှဲလျက်..။
"ရှစ်ယင်.."
ရှစ်ယင်က တုတ်တုတ်မျှ မလှုပ်..။ သူ့မျက်နှာက ပကတိ ငြိမ်သက်နေသည်..။ ၀မ်ရိပေါ်က သူ့ကို ဆယ်နှစ်ကျော်ကြာ စိုးမိုးထားခဲ့သော မျက်နှာကို ငုံ့ကြည့်သည်..။ သူ့၀ဲဘက် ရင်အုံမှ နှလုံးသားက စည်တီးသကဲ့သို့ တဒုန်းဒုန်းမြည်နေသည်..။ ဤအခိုက်အတန့်လေးကို အိပ်မက်လား တကယ်လား သူမသေချာ..။ သို့သော် သူ့လက်ထဲမှ ကိုယ်လေးကို အမှန်တကယ် ဆုပ်ကိုင်ရတော့ သူ့ရင်တွေ ခုန်လာသည်..။
ရှစ်ယင်....
၀မ်ရိပေါ်က ဤနာမည်နှစ်လုံးကို နှလုံးသားထဲမှာ အထပ်ထပ်အခါခါ ရွတ်သည်..။ သူက ရွတ်ရင်းနှင့် သူ့လက်ထဲမှ ကိုး်လေးကို တင်းကျပ်သွာ ပွေ့ဖက်သည်..။ ထို့နောက် ခန်းမဆောင် တဖက်ခြမ်းသို့ ပွေ့ချီသွားသည်..။
ဇာမဏီနန်းဆောင်အတွင်းတွင် ယခင်ဘုရင်များ တည်ဆောက်ခဲ့သော ရေပူစမ်းတစ်ခုရှိသည်..။ ၀မ်ရိပေါ်က ထိုသို့ သွားလေ့မရှိ..။ ရေပူစမ်းက အပြင်ကရေနှင့် ဆက်သွယ်ထားပြီး တနှစ်ပတ်လုံး ကြည်လင်၍ ပူနွေးနေအောင် အစေခံများက သေချာဂရုစိုက်ကြသည်..။ နွေရာသီမှာပင် သစ်ပင်ပန်းမာန်တို့က ဘေးပတ်လည်မှာ ဝေဝေဆာဆာ ဖူးပွင့်နေကြသည်..။
YOU ARE READING
Burning Heart
Fanfictionကျိုယီတောင်သခင် ရှစ်ယင်နှင့် နဂါးညီနောင်နန်းလုပွဲ.. စစ်နတ်ဘုရားက ဘယ်သူဖြစ်မလဲ.. Warning ကြမ်းပါတယ်နော်.. မကြိုက်ရင် ပြဿနာ မရှာပဲ လှည့်ပြန်ပေးကြပါ.. Warning : Promiscuity, Non consensual, Threesome ( Extra part လန်ယင် ), Bisexual ( Extra part လန...