ထျန်းချိနိုင်ငံ.. လင်ကျိုးမြို့...
ကမ်းခြေမြို့လေးဖြစ်သည်နှင့် အားလျော်စွာ မြို့လေးက စီးပွားရေး ကောင်းသည်..။ ကုန်သင်္ဘောများက အမြဲတစေ ဆိုက်ကပ်လျက် ရှိပြီး အရောင်းအ၀ယ်များက မပြတ်လပ်..။ ပင်လယ်နားနီး၍ ရေထွက်ပစ္စည်းများကလည်း ပေါများသည်..။
မြို့လယ်နှင့် ခပ်ဝေးဝေး ပင်လယ်နှင့်နီးသော နေရာတွင် သပ်သပ်ရပ်ရပ် ဆောက်ထားသော အိမ်ကလေးတလုံးရှိသည်..။ အိမ်ရှင်က ပုလဲကုန်သည်..။ သူ့ဆီက ရသော ပုလဲတွေက အမျိုးအစားမြင့်သည့် ကမ္ဘာ့ထိပ်တန်း အရည်အသွေးမှီ ပုလဲတွေ..။ သို့ရာတွင် ထိုသူက များများစားစား မရောင်း..။ တခါလောက်ရောင်းပြီးလျှင် ထိုငွေနှင့် သုံးလေးလလောက် အေးအေးလူလူ ထိုင်စားနေတတ်သည်..။
သူ့မှာ ၂နှစ်အရွယ်ကလေးလေးနှင့်..။ ကလေးအမေကို မေးတော့ ခရီးရှည် ထွက်သွားရတယ်ဟုသာ ပြောသည်..။ ဘယ်အမေကများ ကလေးဒီလောက်ငယ်သေးချိန်မှာ ခရီးထွက်သွားပါလိမ့်..။
လူပုံက ခပ်ချောချော.. ငွေရေးကြေးရေးက မပူရဆိုတော့ အနီးအနားက သမီးပျိုလေးများက ကလေးတယောက် အဖေပင် ဖြစ်နေပါစေ မျက်စိကျကြသည်..။ အမေဆိုတာလည်း ပြန်မှလာပါဦးမလား.. ရှိချင်မှ ရှိတော့မည် ထင်သည်..။ ထို့ကြောင့် ရေလာအောင် မြောင်းဖောက်ကြသည်..။
သကောင့်သားက တုတ်တုတ်မျှ မလှုပ်..။ ကျောက်ဆောင်ကြီးကမှ နှဲ့ပါများလျှင် နဲ့လာဦးမည်..။ သူက သူ့သားမျက်နှာ တကမ္ဘာ..။ သူ့သားကလွဲရင် ဘယ်သူ့မှ လူထင်ပုံမရ..။
***
ပိုင်လီက ငါးမျှားတံကို သိမ်းလိုက်သည်..။ ငါးက မျှားချင်လို့ရယ်မဟုတ်.. စိတ်ပြေလက်ပျောက်သာ လာထိုင်နေခြင်း..။ ကျောပေါ်က စောအော်လေးက အိပ်ပျော်နေပြီ..။ စောအော်မနိုးစေရန် တတ်နိုင်သမျှ ညင်ညင်သာသာ လှုပ်ရှားပြီး အိမ်ပြန်လာခဲ့သည်..။
မိုးကြိုးဒဏ်ချက် တထောင်ကို ခံရပြီးနောက်ပိုင်း သူ့စွမ်းအားက အရင်လောက်တော့ မကောင်းတော့..။ သို့ရာတွင် သူက ဘယ်သူမို့လို့လဲ.. ။ လက်ရှိနဂါးဘုရင်နှင့် လက်ရည်ချင်း မတိမ်းမယိမ်း ဖြစ်ခဲ့သူ..။ ဆင်ပိန်လျှင် ကျွဲလောက်တော့ ကျန်သေးသည် ဆိုသလို သူ့ကို သိသူများကတော့ မခန့်လေးစား မလုပ်ရဲ..။ သူအလိုရှိလျှင် သူ့ကို ပင်လယ်ထဲက ရတနာတွေ ဆက်သ,မည့် သူတွေချည်း..။ သို့ရာတွင် သူက လောဘမကြီး..။ စားလောက်သောက်လောက်ရုံသာ ဆက်သ,စေပြီး သူ့ဘက်ကလည်း ပြန်ကူညီပေးသည် ..။ ကျင့်ကြံရာတွင် အမှားအယွင်းရှိတာကို ကူညီပေးတာတို့.. တခြား အန္တရာယ်မရှိသည့် သတင်းတွေ ပြောပြတာတို့ပေါ့..။

ESTÁS LEYENDO
Burning Heart
Fanficကျိုယီတောင်သခင် ရှစ်ယင်နှင့် နဂါးညီနောင်နန်းလုပွဲ.. စစ်နတ်ဘုရားက ဘယ်သူဖြစ်မလဲ.. Warning ကြမ်းပါတယ်နော်.. မကြိုက်ရင် ပြဿနာ မရှာပဲ လှည့်ပြန်ပေးကြပါ.. Warning : Promiscuity, Non consensual, Threesome ( Extra part လန်ယင် ), Bisexual ( Extra part လန...