အနီရောင် ရေသူပုလဲက ဖျော့တော့သော လက်တဖက်၏ ချေမွခြင်းကို ခံလိုက်ရကာ အမှုန့်ဖြစ်သွားသည်..။ လေတချက်အဝှေ့မှာ ထိုအမှုန်များက တောင်လေနှင့်အတူ လွင့်ပါသွားသည်..။ ပိုင်လီက တုတ်တုတ်မျှ မလှုပ်..။ သူက နေရာမှာတင် ခြေစုံရပ်ကာ ရှစ်ယင်ကို ကြည့်နေသည်..။
ရေသူပုလဲကို ရှီးဟိုင်တောင်ကြားရှိ ချိပ်စည်းကို ဖြည်ရန်သုံးသော်လည်း ရေသူပုလဲ မရှိလျှင်တောင်မှ ပိုင်လီ အစွမ်းကုန်ကြိုးစားလျှင် မိကျောင်းတပ်ကို လွှတ်လိုက်ဖို့ ဖြစ်နိုင်သေးသည်..။ သို့ရာတွင် သူက ပထမဆုံးအကြိမ်အဖြစ် ဘာမှမလုပ်မိ..။ အိပ်မက်ထဲမှ နိုးထလာသူမှာ ရှစ်ယင်မဟုတ်..။ သူသာလျှင်..
သူ့ဘ၀မှန်ကို သိသွားသည့်အချိန်က ပိုင်လီမှာ အံ့သြသင့်သလောက် မအံ့သြမိ..။ သူ့စိတ်ထဲတွင် ရင်တောင်ခုန်နေသေးသည်..။ သူစိတ်ထဲက တိတ်တခိုး မျှော်လင့်ချက်ဟုပင် ဆိုရမလား...
သွေးသန့်မဟုတ်သော တရားမ၀င်သားဖြစ်သည့် သူက နဂါးမျိုးနွယ်၏ အရှက်ရစရာ..။ နဂါးဘုရင်၏ အမုန်း.. နဂါးမိဖုရား၏ ပစ်ပယ်မှု.. မောင်နှမတွေကြားက ကတောက်ကဆ.. အရာအားလုံးမှာ အဖြေရှိပြီးသား..။
အကြောင်းရင်းမရှိ ဒီလိုဆက်ဆံခံနေရတာမဟုတ်.. အကြောင်းရင်းရှိပြီးသားမှန်း သူနောက်ဆုံးတော့ နားလည်သွားသည်..။ မိကျောင်းမျိုးနွယ်မှ သူ့မွေးသမိခင်ရင်း ရှီးဟိုင် မင်းသမီးကို တွေ့သည့်အချိန်.. သူ့အတွက် ပွင့်မလာသည့် တံခါးတချပ်ကို ကြည့်ရင်း သူ့ဘ၀မှာ ပထမဆုံးအကြိမ် စိတ်ဆင်းရဲနာကျင်ရခြင်းကို ပိုင်လီနားလည်သွားသည်..။
ရှီးဟိုင်မင်းသမီးက အိမ်ထောင်ရှိပြီး ပြုစုစောင့်ရှောက်ရမည့် သားနှစ်ယောက် သမီးတယောက်ရှိပြီးသား..။ သူမအတွက်တော့ ပိုင်လီက မတော်တဆ မွေးဖွားလာသည့် အမှားအယွင်းတခုမျှသာ..။ ရှီးဟိုင်မင်းသမီးက သူ့ကိုတွေ့လိုက်သည်နှင့် သားရဲတိရိစ္ဆာန်တကောင်ကို တွေ့သလို မျက်နှာလွှဲသွားသည်..။ ပိုင်လီက အဲ့ဒီနန်းဆောင်၏ အပြင်ဘက်မှာ ညလုံးပေါက်နေခဲ့သည်..။ ရှားရှားပါးပါး ထွန်းညှိထားရသော မီးတောက်ကလေးက နောက်ဆုံးတော့ ငြိမ်းသွားခဲ့သည်..။ နောက်နေ့မနက်စောစောမှာပဲ သူက မိကျောင်းမျိုးနွယ်ကို စွန့်ခွာခဲ့ပြီး နောင်တချိန်တွင် ရှီးဟိုင်ကို သွေးနှင့်ဆေးကြောမည်ဟု ကျိန်ဆိုခဲ့သည်..။ ဒီကမ္ဘာမှာ ဘယ်အရာမျှ အဓိပ္ပါယ်မရှိ.. အားလုံးသေသွားကြရင် အကောင်းဆုံးပဲ...
ESTÁS LEYENDO
Burning Heart
Fanficကျိုယီတောင်သခင် ရှစ်ယင်နှင့် နဂါးညီနောင်နန်းလုပွဲ.. စစ်နတ်ဘုရားက ဘယ်သူဖြစ်မလဲ.. Warning ကြမ်းပါတယ်နော်.. မကြိုက်ရင် ပြဿနာ မရှာပဲ လှည့်ပြန်ပေးကြပါ.. Warning : Promiscuity, Non consensual, Threesome ( Extra part လန်ယင် ), Bisexual ( Extra part လန...