ကောင်းကင်ဧကရာဇ်သုံးပါးထဲက တပါးဖြစ်သူ ဖူရှီးသည် ပုကျိုးတောင်တွင် မိသားစုနှင့်အတူ နေထိုင်သည်ဟု ပြောလေ့ရှိကြသည်..။ တောင်ကမ်းပါးယံတွင် အလွန်ခမ်းနားကြီးကျယ်သော ယင်းယန်နန်းတော်ကို တည်ထားခဲ့သည်..။ သို့သော်လည်း မှတ်တမ်းများအရ ကုန်းကုန့်က ကောင်းကင်ကျောက်တိုင်ကို ဖျက်ဆီးလိုက်သော အချိန်၀ယ် ယင်းယန်နန်းတော်လည်း ပျက်စီးသွားသည်..။ ယခုအချိန်တွင်မူ ပုကျိုးတောင်၏ ယင်ဘက်ခြမ်းသည် တနှစ်တာလုံး နေမမြင်ရပဲ အနက်ရောင် မြူခိုးများ ဖုံးလွှမ်းနေတတ်သည်..။ လူသူနေထိုင်သည့် လက္ခဏာ မရှိ..။
နေရောင်မရှိသည့် တောအုပ်ထဲတွင် မြူခိုးများက ကျဲပါးသွားပြီး အရပ်ရှည်ရှည် ပုံရိပ်တခုက ဖြတ်လျှောက်လာသည်..။ သို့သော် ခဏမျှသာ..။ အနက်ရောင်မြူခိုးများက တောင်လေနှင့်အတူ ပြန်လည် သိပ်သည်းလာပြီး ထိုပုံရိပ်ကို ဖုံးလွှမ်းသွားကာ ထပ်မမြင်ရတော့..။
တောင်အနောက်ပိုင်း တခုလုံးက ၀င်္ကပါလို တောင်ကမူများ ကွင်းပြင်များနှင့် ဖုံးအုပ်နေပြီး အလွန်တိတ်ဆိတ်ငြိမ်သက်လျက်..။ ၀င်္ကပါ၏ အနက်ရှိုင်းဆုံးနေရာမှ ကျောက်နံရံဘေးတွင် ကြီးမားသော အရိပ်ကြီးတခု..။
ခမ်းနားသော နန်းတော်ကြီးရှေ့မှာ ကျိုးပဲ့နေသော နံရံများနှင့် အပျက်အစီးများက အပုံလိုက်..။ အဝေးမှကြည့်လျှင် မျှော်စင်အများစုကတော့ အကောင်းတိုင်းရှိသေးသည်..။ နန်းတော်၏ အလယ်မှာက ကြီးမားသော အပေါက်ကြီးတခု..။ ထိုအပေါက်ကြီးထံသို့ လူရိပ်တခုက ဖြည်းညင်းစွာ လျှောက်လာနေသည်..။ မိစ္ဆာတကောင်ကို ယဇ်ပူဇော်တော့မလို ထိုလူ၏ ပခုံးပေါ်တွင် အဖြူရောင်အရိပ်ကလေးတခုကို ထမ်းလာသည်..။
နန်းတော်၏ အထက်မှ သစ်သားဆိုင်းဘုတ်က ယိုယွင်းပျက်စီးနေသည်မှာ အတော်ကြာပြီ..။ သို့သော်လည်း သေချာကြည့်လျှင် "ယင်းယန်နန်းတော်" ဟူသည့် စာလုံးများကို ဖတ်၍ ရနိုင်သေးသည်..။
***
ယင်းယန်နန်းတော်...
လွန်ခဲ့သည့် နှစ်သန်းပေါင်းဆယ်ချီက ဖူရှီးက အကာအကွယ်အစီအရင် လုပ်မထားခဲ့..။ သို့သော်လည်း နှစ်ကာလရှည်ကြာသည့်ဆိုင် အတွင်းပိုင်းက အကောင်းနီးပါး ကျန်သေးသည်..။
YOU ARE READING
Burning Heart
Fanfictionကျိုယီတောင်သခင် ရှစ်ယင်နှင့် နဂါးညီနောင်နန်းလုပွဲ.. စစ်နတ်ဘုရားက ဘယ်သူဖြစ်မလဲ.. Warning ကြမ်းပါတယ်နော်.. မကြိုက်ရင် ပြဿနာ မရှာပဲ လှည့်ပြန်ပေးကြပါ.. Warning : Promiscuity, Non consensual, Threesome ( Extra part လန်ယင် ), Bisexual ( Extra part လန...