Part 9

1.2K 85 0
                                    

ရှစ်ယင်ထွက်လာ​တော့ မွန်းလွဲချိန်​ရောက်ပြီ..။ သူက နဂို၀တ်​နေကျ အဖြူ​ရောင်၀တ်စုံအစား အပြာ​ရောင် ၀တ်စုံကို ၀တ်ထားသည်..။ သူ့မျက်နှာက အနည်းငယ် နွမ်းလျ​နေပုံ..။ သူ့ပုံစံက ဘာကိုမျှ စိတ်မဝင်စားသည့်ဟန်..။

သို့ရာတွင် ယခင်နှင့် မတူ..။

ပိုင်​ယောင်က သတိနှင့် ​မေးလိုက်သည်..။

"နန်း​ဆောင်သခင်.. မ​နေ့ညက ​ကောင်း​ကောင်းအိပ်​ပျော်ရဲ့လား"

ရှစ်ယင်၏ လည်ဇလုတ်က လှုပ်သွား​သော်လည်း သူက ဘာမှမ​ပြော..။ ပိုင်​ယောင်က ဒွိဟဖြစ်သွား​သော်လည်း ထပ်မ​မေး​​တော့..။ သူက ရှစ်ယင်နှင့်အတူ ​နေ့လည်စာစားရန် ​အောက်သို့ ဆင်းလာခဲ့သည်..။

ဒီစား​သောက်ဆိုင်က လင်ကျိုးမြို့ရှိ အ​ကောင်းဆုံး စား​သောက်ဆိုင်​တွေထဲမှ တခု..။ အလုပ်ဖွင့်ရက်များတွင် ရပ်​ဝေးဧည့်သည်များ မကြာခဏ လာကြသည်..။ လင်ကျိုးသို့ ကုန်သွယ်ရန် လာ​ရောက်​သော ကုန်သည်များလည်း ဒီမှာပဲ စ​တည်းချ​လေ့ရှိသည်..။

ဧည့်သည်​တွေများ​တော့ လူဆိုးလူ​ကောင်း ​ရော​နှော​နေသည်မှာ ဓမ္မတာ..။ ရှစ်ယင်က ပြတင်း​ပေါက်အနီး ကန့်လန့်ကာ​နောက်ကွယ်က​ ​နေရာတွင် ထိုင်လိုက်သည်..။ ပိုင်​ယောင်က စားပွဲနှင့်အပြည့် အရသာရှိ​သော ဟင်းပွဲများ မှာလိုက်သည်..။ သူက ပုစွန်ထုပ်ကြီးတ​ကောင်ကို ကိုက်​နေစဥ် မျက်နှာချင်းဆိုင်မှ ရှစ်ယင်မှာ​တော့ ​သူ့ရှေ့ရှိ ​ဂေါ်ဖီထုပ်​ကြော်ကို တူနှင့် ညှပ်ယူရန် ပြင်လိုက်သည်..။

ထိုစဥ်မှာ ကန့်လန့်ကာ ဟိုဘက်က ​သေရည်​သောက်​နေကြသံကို ကြားလိုက်ရသည်..။ အသက်ကြီးကြီး ကုန်သည်အချို့ ကြွားဝါ​နေကြခြင်း..။

"မ​နေ့ညက ကျုပ်​ခေါ်လာတဲ့ ​ကောင်မ​လေးက အိပ်ရာ​ပေါ်မှာ အပြုစု အယုယ ​ကောင်းချက်ဗျာ.. အရသာကို ရှိ​နေတာပဲ"

"အစ်ကိုလျို.. ခင်ဗျား လက်သွက်တယ်ဗျာ.. မ​နေ့ညက ​လှေ​ပေါ်က ​ကောင်မ​လေး​တွေထဲမှာ ခင်ဗျား​ကောင်မ​လေးက အနူးညံ့ဆုံးပဲ ထင်တယ်.. ကျုပ်ကိုကြည့်.. ကျုပ်လက်​မောင်းကို မြင်လား.. ကုတ်ခံရလို့ ​သွေး​တွေ​တောင် စို့​တယ်"

Burning HeartWhere stories live. Discover now