ထိုလူကမဖြေ..။ ရှစ်ယင်ကိုသာ စိုက်ကြည့်နေသည်..။ ထိုအကြည့်ဖြင့် ရှစ်ယင်၏ အတွေးများကို ဖတ်နေသည့်ပမာ...။
ဤသို့ကြည့်ခံရသည်မှာ တမျိုးကြီးပဲဟု ရှစ်ယင်တွေးနေစဥ်မှာပင် သူ့ရှေ့မှလူက လက်ကို ရုတ်တရက်ဆန့်တန်းလိုက်သည်..။ ထိုသူက လက်ကို ဆန့်တန်းပြီး ရှစ်ယင်၏ ခေါင်းပေါ်မှ တစုံတခုကို လှမ်းယူလိုက်သည်..။ ထိုအရာမှာ ကြွေနေသော ဆီးပန်းပွင့်လေး တလွှာ..။
ရှစ်ယင်က ခြေတလှမ်းဆုတ်ရင်း မျက်မှောင်ကြုတ်လိုက်သည်..။ သို့ရာတွင် ထိုလူက အေးအေးဆေးဆေးပင်..။ ခုဏလေးတင်မှ မသင့်တော်သော အပြုအမူကို လုပ်လိုက်သူမှာ သူမဟုတ်သည့်အလား..။
" ကျွန်တော့်ရဲ့ ညီသုံးက ဒေါသကြီးတယ်.. တကယ်လို့ သူကျိုယီတောင်မှာ ပြဿနာရှာရင် ကျွန်တော့်ကို အချိန်မရွေး လာပြောလို့ ရပါတယ်.."
ညီသုံးလို့ ပြောလိုက်တာလား?
ရှစ်ယင်က သူ့ရှေ့မှလူကို ပြန်ကြည့်လိုက်သည်..။ လက်စသတ်တော့ ဒီလူက နဂါးမျိုးနွယ်ရဲ့ အကြီးဆုံးသား.. အနာဂတ်ရဲ့ မျိုးနွယ်ဆက်ခံသူ လောင်းလျာ နဂါး အိမ်ရှေ့စံ ရှဲ့ယွင်ဟုန်ရိပေပဲ..။
"သြော်.. အရှင့်သားပါလား.. မသိတတ်မှုကို ခွင့်လွှတ်ပေးပါ"
ရှစ်ယင်က သူ့ရှေ့မှလူကို အနည်းငယ် ဦးညွတ်လိုက်သည်..။ ထိုခဏ၌ လေပြည်လေး တသုတ် တိုက်ခတ်သွားပြီး ဆီးပန်းပွင့်တွေက တဖွဲဖွဲ ကြွေလွင့်လာပြန်သည်..။ ငွားငွားစွင့်စွင့်ပွင့်လွှာတချို့က ရှစ်ယင်၏ မျက်ခုံးကို ခလုတ်တိုက်သွားပြီး အင်္ကျီလည်ပင်းအစပ်နားတွင် သောင်တင်လျက်...။
ရှဲ့ယွင်၏ မျက်၀န်းတို့က ပွင့်လွှာ၏ လမ်းကြောင်းအတိုင်း အောက်သို့ဆင်း၍ ဆင်း၍ သွားရာ ခေါင်းပြန်မော့လိုက်သော ရှစ်ယင်နှင့်အကြည့်ချင်းဆုံမိကြသည်..။ ထိုမျက်၀န်းတို့က ပင်လယ်ကဲ့သို့ နက်ရှိုင်းလွန်းလှသည်..။
သွေးသန့်နဂါးမှန်လျင် မျက်လုံးက အပြာရင့်ရင့်ရှိမည်..။ မျက်ဆန်က အဆုံးမရှိသော သမုဒ္ဒရာချောက်နက်ကဲ့သို့ နက်ရှိုင်းစွာ.. တမူထူးသော စူးရှမှုနှင့် သားရဲတို့၏ အရိုင်းဆန်မှု... အားလုံးပေါင်းလိုက်လျှင် အန္တရာယ်ဟုသာ အချက်ပေးနေသည်..။ နဂါးမင်းသားနှင့် ပထမဆုံးစကားတခွန်းမှစ၍ ယခုအချိန်ထိ အန္တရာယ်ရနံ့က ပျောက်မသွား..။ ရှစ်ယင်က မျက်နှာလွှဲလိုက်သည်..။ လက်နှစ်ဖက်ကိုမြောက်ပြီး နှုတ်ဆက်လိုက်သည်..။
YOU ARE READING
Burning Heart
Fanfictionကျိုယီတောင်သခင် ရှစ်ယင်နှင့် နဂါးညီနောင်နန်းလုပွဲ.. စစ်နတ်ဘုရားက ဘယ်သူဖြစ်မလဲ.. Warning ကြမ်းပါတယ်နော်.. မကြိုက်ရင် ပြဿနာ မရှာပဲ လှည့်ပြန်ပေးကြပါ.. Warning : Promiscuity, Non consensual, Threesome ( Extra part လန်ယင် ), Bisexual ( Extra part လန...